ဒေါ်လာ ၃၀၀,၀၀၀ တန် လိုင်စင်မဲ့ လမ်ဘော်ဂနီကားကို ဖျက်ဆီးပြခဲ့တဲ့ ထိုင်ဝမ်ရဲအဖွဲ့
22 Dec 2016 1,948 Views
Lamborghini Murcielago အမျိုးအစား ပြိုင်ကားဟာ အမေရိကန်ဒေါ်လာ ၃ သိန်း (ကျပ် သိန်း၎ထောင်ကျော်) တန်ဖိုးရှိသည်ပါတယ်။ မည်မျှပင်တန်ဖိုးကြီးစေကာမူ အဆိုပါပြိုင်ကားဟာ တရားဝင်လိုင်စင်မရှိပဲ နံပါတ်ပြားအတု တပ်ဆင်ပြီး မောင်နှင်တာကြောင့် ပိုင်ရှင်ဖြစ်သူကို ဥပဒေအရ အရေးယူထားပါတယ်။ ဒါပေမယ့် လိုင်စင်မဲ့ လမ်ဘော်ဂနီကိုတော့ လေလံပြန်တင်ပြီး ရောင်ချမယ်လို့ မထင်လိုက်ပါနဲ့၊ ပြတ်သားလှတဲ့ တိုင်ဝမ်ရဲအဖွဲ့က အဆိုပါပြိုင်ကားကို မီဒီယာသတင်းသမားတွေ ရှေ့မှာပဲ တစ်စချင်းစီ စုတ်ပြတ်သတ်နေအောင် အမှုန်ချေဖျက်ဆီးပြခဲ့ပါတယ်။
အဆိုပါ ဗီဒီယိုကို အွန်လိုင်းပေါ်လွှင့်တင်ခဲ့ပြီး ကြည့်ရှုမိသူတိုင်းက စုတ်တသပ်သပ်နဲ့ မျက်လုံးမျက်စံ ပြူးကျယ်ခဲ့ရပါတယ်။ သင်ဟာ ကားချစ်သူ ဝါဿနာပါသူတစ်ယောက် ဆိုရင်တော့ ဒီဗီဒီယိုကို မကြည့်ဖို့ တားမြစ်ပါရစေ..။ သင်အသဲကွဲသွားမှာစိုးလို့ပါ။








