BEC-TERO TV

အမြန်လမ်းများတွင် ယာဉ်မတော်တဆမှုကြောင့် အသက်မဆုံးရှုံးရအောင် တီထွင်ထားသော လမ်းအကာအရံ

23 Dec 2016     1,697 Views


အမြန်လမ်းမများတွင် ယာဉ်တိမ်းမှောက်မှုမှ လူသေဆုံးမှု လျော့ချပေးနိုင်မည့် လမ်းအကာအရံ ပုံစံတစ်မျိုးကို လမ်းတံတားလုံခြုံရေးအထောက်ကူပြု ပစ္စည်းများ ထုတ်လုပ်သည့် တောင်ကိုရီးယားကုမ္ပဏီ (ETI)မှ ဒီဇိုင်းထွင်ကာ ထုတ်လုပ်တပ်ဆင်ပေးလျှက်ရှိသည်။
 
 
အမြန်လမ်းများ၏ အကွေ့များတွင် အရှိန်လွန်ကဲခြင်း (သို့) မော်တော်ယာဉ် အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းခြင်းကြောင့် လမ်းဘေး အကာအရံများကို တိုက်မိချိုးဖျက်၍ ယာဉ်တိမ်းမှောက်ရာတွင် လူသေဆုံးနိုင်သည့် ရာခိုင်နှုန်း ပိုမိုများပြားသည်။  အဆိုပါ အဖြစ်အပျက်မျိုးများတွင် လူ့အသက်အန္တရာယ်ထိခိုက်မှု နည်းပါးအောင် ဆောင်ရွက်ထားသည့် လမ်းအကာအရံများက ယဉ်ဝင်တိုက်သည့်အခါ မကျိုးပျက်သွားပဲ မော်တော်ယာဉ်ကို လမ်းဘေးသို့ လွင့်စင်မသွားအောင် အလိုက်သင့် လိုက်လည်ကာ အရှိန်ထိန်းညှိပေးနိုင်မယ့် အလုံးလေးများကို သံဘားတန်း နှစ်ခုကြားမှာ တပ်ဆင်ပေးထားပြီး ယာဉ်၏ လမ်းကြောင်းကို ထိန်းပေးနိုင်အောင် စီမံထားခြင်းဖြစ်သည်။
 
 
အဆိုပါ ရိုလာအလုံးများကို ပေါ်လီဟုခေါ်သော ဗီနိုင်းအသား တစ်မျိုးဖြင့် ပြုလုပ်ထားပြီး ရာဘာသားထက် ပိုမိုခိုင်ခံ့ပြီး တာရှည်ခံပြီး စုပ်ယူနိုင်အား ကောင်းသည့်အတွက် တိုက်မိသော ယာဉ်၏အရှိန်ကို လျှော့ချပေးနိုင်ပြီး စတီယာရင်စနစ်ကိုလည်း ပံ့ပိုးပေးနိုင်အောင် တီထွင်ထားသည့်အပြင် ညဘက်တွင် ကောင်းစွာမြင်နိုင်မည့် အလင်းပြန်စနစ် ထည့်သွင်းပါရှိသည်။  အဆိုပါ လမ်းအကာအရံများကို တပ်ဆင်ခြင်းဖြင့် အသက်အန္တရာယ်ကို လျော့ချရန် ရည်ရွယ်ပါသည်။
 
Ref: ETI

23 Dec 2016     1,697 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS