BEC-TERO TV

ကျောင်းလခကို ဆန်နဲ့ပေးချေဖို့ ထိုင်းတက္ကသိုလ် ခွင့်ပြု

23 Dec 2016     1,396 Views


ထိုင်းနိုင်ငံက တက္ကသိုလ်တစ်ခုဟာ ပညာရေး လိုအပ် ချက်ကို ဖြေရှင်းဖို့အတွက် နိုင်ငံမှာ စုပုံနေတဲ့ ဆန်အပိုတွေ အသုံးချဖို့ စိတ်ကူးရခဲ့ပါတယ်။ တက္ကသိုလ်ဟာ ကျောင်းလခကို ဆန်နဲ့ပေးချေဖို့ ကျောင်းသားတွေကို ခွင့်ပြုခဲ့ပါ တယ်။ ထိုင်းနိုင်ငံက ပုဂ္ဂလိကကျောင်း တစ်ကျောင်းဖြစ်တဲ့ ရန်ဆစ်တက္က သိုလ်ဟာ ဆန်စပါးကိုကျောင်း လခအဖြစ် ဈေးကွက်ပေါက်ဈေးထက် မြင့်တဲ့ ဈေးနဲ့ ကျောင်းသား ၁၉ ယောက်ကို စတင်လက်ခံနေ တယ် လို့ ဘလွန်းဘတ်သတင်း ဌာနက ဖော်ပြပါတယ်။

အသက်၂၂ နှစ်အရွယ်လူမှုတီထွင်ရေးကျောင်းသား ဝစ်ဆန်နု ဆက်မွန်ဆီရီက အခုလို ဆန်နဲ့ ကျောင်းလခပေးဖို့ အစီအစဉ်သာ မရှိရင် သူ့မိသားစုဟာအတိုးကြီးစားတဲ့အကြွေးရှင်တစ်ယောက်ဆီ သွားရတော့မယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဟာ ကျောင်းလခရတဲ့ ဆန်တွေကို ဘယ်လိုလုပ်မယ်ဆို တာကိုတော့ သေချာစွာ မသိရပါဘူး။ ပြည်တွင်းမှာ အလွန်အမင်း ပိုလျှံမှုနဲ့ ပြည်ပဈေးကွက်တွေမှာ တင်သွင်းသူ အလွန်များမှုကြောင့် ဆန်စပါးဈေးတွေ ထိုးကျနေတဲ့အတွက် ထိုင်းလယ်သမားသန်းပေါင်များစွာဟာ အခြေခံလိုအပ်ချက်တွေကို ပြည့်မီဖို့ မနည်းကြိုးစား ရုန်းကန်နေရပါတယ်။

တချို့လယ်သမားတွေဟာ ဆန်စပါးကို ဖေ့စ် ဘုတ်ခ်ပေါ်မှာ ရောင်းတာ၊ လမ်း ဘေး မှာ တဲထိုးပြီး ရောင်းချ တာတွေ လုပ်နေကြပါတယ်။ နိုင်ငံစီးပွားရေးမှာ လယ်ယာ စိုက်ပျိုးရေးက ရှစ်ရာခိုင်နှုန်းခန့် ပါဝင်ကြောင်းနဲ့ နိုင်ငံသားလေးပုံ တစ်ပုံခန့်ဟာ ဆန်စပါးစိုက်တောင်သူတွေဖြစ်ကြောင်း ဘလွန်းဘတ် က ဆိုပါတယ်။ ထိုင်းဟာ အရှေ့တောင်အာရှ မှာ ဒုတိယအကြီးဆုံး စီးပွားရေးရှိ ပြီး လူဦးရေ ၆၇ သန်းခန့်ရှိပါတယ်။ နိုင်ငံဟာ ကမıာမှာ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါ တယ်။ နိုင်ငံ့ဆန်ထက်ဝက်ခန့်ကို ပြည်ပကို ရောင်းချကြောင်း ဘ လွန်းဘတ်က ဆိုပါတယ်။

Soure : kumudranews


23 Dec 2016     1,396 Views




RELATED

Most Popular of Special or Others

Most Popular of NEWS