AirPods တွေပြုတ်မကျအောင် နားဖောက်ပြီး
23 Dec 2016 1,589 Views

Apple ရဲ့ wireless AirPods တွေဟာ အခြားသော wireless နားကြပ်တွေလိုမျိုး နားမှာ ချိတ်လို့မရဘဲ ရိုးရိုးနားကြပ်တပ်သလိုသာ တပ်ထားလို့ရတဲ့အတွက် အခန့်မသင့်တဲ့အခါ၊ လျက်တပြက်လှုပ်ရှားမိတဲ့အခါမျိုးမှာ အောက်ကိုပြုတ်ကျနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကို Andrew Cornett ဆိုသူက သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ဓာတ်ပုံတင်ကာပြသထားပါတယ်။ သူ့နည်းလမ်းက ရိုးရိုးလေးပါ။ နားမှာ အပေါက်ဖောက်ပြီး Airpods တွေကို ချိတ်ထားလိုက်တာဖြစ်ပါတယ်။

ဖြုတ်ရတပ်ရတာတော့ အနည်းငယ်ခက်ခဲ နိုင်ပေမယ့် လမ်းလျှောက်ရင်းဖြစ်စေ၊ ခရီးသွားရင်းကားပေါ်မှာဖြစ်စေ နားထောင်သွားဖို့အတွက်ကတော့ အတော်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းလမ်းအတွက် ခဲတံတစ်ချောင်းစာ လုံးပတ်ရှိတဲ့ အပေါက်တစ်ပေါက်တစ်ပေါက် ဖောက်ရမှာဖြစ်လို့ နှစ်ပတ်ကနေ သုံးပတ်အထိတော့ အချိန်ယူရနိုင်ပါတယ်။ ဒါဟာ AirPods တွေပြုတ်မကျဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သလို နားကပ်တပ်တတ်တဲ့ လူငယ်တွေအတွက်လည်း fashion အသစ်တစ်ခုဖြစ်လာနိုင်ပါတယ်။

Credit : digitaltimes






