BEC-TERO TV

ယာဉ်လုပ်သားများအား လက်တုံ့ပြန် တိုက်ခိုက်မှုမပြုပဲ ဥပဒေဖြင့်သာ တုံ့ပြန်ရန် (မ.ထ.သ) မှ မေတ္တာရပ်ခံ

23 Dec 2016     1,630 Views


ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ယက် အွန်လိုင်းစာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သော ၂၃၆ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် (၅)ဦးတို့မှ ခရီးသည် (၁)ဦးကို ဝိုင်းဝန်းထိုးကြိတ်သည်ကို မခံမရပ်နိုင်သူများက နောက်တစ်နေ့တွင် လူစုကာ ပြန်လည်တုံ့ပြန် ဆုံးမခဲ့သည့် ဗီဒီယိုနှင့် ဆက်စပ်ကာ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ) မှ ဥပဒေဖြင့်သာ တုံ့ပြန်စေလိုကြောင်း မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရသည်။
 
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ၂၃၆ ယာဉ်လိုင်းကို စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာတွေကတော့ ကာယကံရှင်တွေက အမှုဖွင့်၊ မဖွင့်အပေါ်ဘဲ မူတည်တယ်” ဟု (မ.ထ.သ) (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားခဲ့သည်။
မော်တော်ယာဉ်လိုင်းများ၏ စည်းကမ်း ချိုးဖောက်မှုများနှင့် ပတ်သက်၍ မထသ အနေဖြင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုမြောက်သည့် ကျူးလွန်မှုများကို သက်ဆိုင်ရာ ရဲစခန်း၊ တရားရုံးများက အရေးယူဆောင်ရွက်မှာဖြစ်ပြီး ယာဉ်လုပ်သားများအား လူစုကာ လက်တုံ့ပြန် တိုက်ခိုက်မှုမပြုပဲ ဥပဒေဖြင့်သာ တုံ့ပြန်ရန် ခရီးသွားပြည်သူများအား မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
 
ကျောက်တံတားမြို့နယ် တိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာကလည်း “ယာဉ်လုပ်သား တချို့ရဲ့ ဆိုးသွမ်းမှုကို ကိုယ်တိုင်လည်း ကြုံဖူးတယ်။ ဒါတွေ ကိုင်တွယ်ဖို့  အစိုးရဘက်မှာလည်း အခက်အခဲတွေ ရှိနေတယ် ထင်တယ်။ ပြည်သူတွေ အနေနဲ့တော့ အုပ်စုဖွဲ့ ပြန်လည် တိုက်ခိုက်တာတွေ မလုပ်စေချင်းဘူး၊ သူတို့နဲ့ တုပြီးဖြစ်ရင် ပြည်သူတွေ နစ်နာမှာစိုးရိမ်ပါတယ်” ဟု ပြောဆိုခဲ့ကြောင်း ဧရာဝတီသတင်းဌါနမှ သတင်းရရှိသည်။
 
Ref:ဧရာဝတီ
 
 

23 Dec 2016     1,630 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS