BEC-TERO TV

Apple က ဟောလိဝုဒ် စတူဒီယိုတစ်ခု ကို ၀ယ်ယူဖို့ ကြံစည်နေ

23 Dec 2016     1,254 Views


ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ၂၀၁၇ ခုနှစ်အတွင်း ဟောလိဝုဒ်စတူဒီယို တစ်ခု ကို ၀ယ်ယူဖို့ Apple ကုမ္ပဏီက ချိတ်ဆက်နေပြီ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ . သတင်းတွေ အရ Apple ဟာ အခုနှစ် အစောပိုင်းက Time Warner ကုမ္ပဏီကို ၀ယ်ယူဖို့ တိတ်တဆိတ်ချဉ်းကပ်ခဲ့တယ်လို့ သတင်း ထွက်ပေါ်ခဲ့ပါတယ်။ အခု သတင်းအတွက် အားလုံးက စောင့်ကြည့်နေကြတဲ့ ပစ်မှတ်ကတာ့ Kim ပါပဲ။ Kim ဟာ Apple ကုမ္ပဏီ က Netflix ကို ၀ယ်ယူဖို့ ချဉ်းကပ်နေတယ် လို့ သတင်းထုတ်ပြန်ခဲ့တဲ့ လူဖြစ်ပြီး နာမည်ကျော် Megaupload ကို တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူက Twitter မှာ Apple နဲ့ Intel ကုမ္ပဏီတွေဟာ ဟောလိဝုဒ်စတူဒီယို ကုမ္ပဏီကြီး တစ်ခု ကို ၀ယ်ယူဖို့ ကြိုးစားနေတယ် လို့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ အမှန်ပါပဲ။

ဒီသတင်းဟာ ခန့်မှန်းသတင်းလို့သာ ဆိုပေမယ့် Apple ရဲ့ ပဲ့ကိုင်ရှင် စတိဗ်ဂျော့ဘ် ဟာ ဂျော့လူးကပ်စ် နဲ့ ပူးပေါင်းပြီး DreamWoks ကို တည်ထောင်ဖူးသလို သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီ TheNext ကလည်း Animation ရုပ်ရှင်တွေကို အများကြီး ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီအတွက် ရုပ်ရှင်ဝါသနာအိုးတွေကတော့ ဒီသတင်းကို အတည်ဖြစ်ပါစေလို့ ကြိတ်ပြီး ဆုတောင်းနေနိုင်ပါတယ်။ အဲဒီတစ်ချိန်တည်းမှာပဲ Automobile လောက အတွက် အကောင်းဆုံး ပြိုင်ဘက်ဖြစ်လာနိုင်တဲ့ Google ကိုလည်း ဗျူဟာပိုင်း အသာစီးရရှိဖို့ အားထုတ်နေရပါတယ်။ အဲဒီအတွက် Apple ဟာ ရုပ်ရှင်လောကကို ခြေကုတ်ယူလာနိုင်စရာ ရှိတယ် လို့ ဈေးကွက်ကျွမ်းကျင်သူတွေ က အကဲဖြတ်သုံးသပ်လျက်ရှိကြပါတယ်။ . ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မှာ လွှင့်ထုတ်ခဲ့တဲ့ TV Series တွေ ဖြစ်တဲ့ Game of Thrones ဟာ $60 သန်း အမြတ်တင်ကျန်ရစ်ပါတယ်။ တခြား စီးရီးတွေ ဖြစ်တဲ့ Breaking Bad – $39 သန်း၊ House of Cards & Orange is the new Black က ဒေါ်လာ သန်း ၁၀၀ အမြတ်တင်ကျန်ရစ်ပါတယ်။

ဒါဟာ အကြမ်းဖျင်းတွက်ချက်ထားတာ ဖြစ်ပေမယ့် Apple အဖို့ကတော့ စိတ်လှုပ်ရှားစရာ ပမာဏ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်က Apple ဟာ ဒေါ်လာ သန်း ၄၄၀ အမြတ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် TV Series ၃၃ ခုအတွက် ရရှိတဲ့ အမြတ်ငွေ တွက်ချက်မှု ဟာ ရရှိခဲ့တဲ့ ၃ ဘီလီယံထက်တော့ နည်းနေတာ အသေအချာပါပဲ။အားလုံးက ခန့်မှန်းကြသလို Apple ဟာ ပြီးပြည့်စုံတဲ့ ကုမ္ပဏီကြီးတစ်ခုခု ကို ၀ယ်ယူပြီး ရုပ်ရှင်လောကထဲကို ၀င်ရောက်လာမှာ ဖြစ်ပေမယ့် နှုတ်လုံပြီး တင်းကျပ်လှတဲ့ စည်းကမ်းတွေကြောင့် အဲဒီ ကုမ္ပဏီ ရဲ့ အမည်နာမကို အများသူငှာတွေ ကြားနိုင်စွမ်းမရှိပဲ ဖြစ်နေရပါတယ်။

Credit : digitaltimes


23 Dec 2016     1,254 Views




RELATED

Most Popular of International News

Most Popular of NEWS