Facebook သမားများ သတိထား
23 Dec 2016 1,547 Views

ခရစ္စမတ်အချိန်ကာလမှာ Facebook ကို အလွန်အကျွံ သုံးရင်းနဲ့ သူများတွေရဲ့ မိသားစုနဲ့ အားလပ်ရပ် ခရီးသွား ဓာတ်ပုံတွေကို မြင်နေရခြင်း ဟာ ပွဲတော်အခါသမယ ပျော်ရွင်မှုကို မရစေဘဲ မိမိကိုယ်ကိုယ် စိတ်ပျက်စရာ ဖြစ်စေမယ်လို့ သုတေသန တစ်ခုက ဆိုပါတယ်။
ကိုပင်ဟေဂင် တက္ကသိုလ်ရဲ့ လေ့လာမှုမှာ အွန်လိုင်းလူမှုကွန်ရက်တွေကို အလွန်အမင်း သုံးခြင်းဟာ မနာလိုစိတ်ကို ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် ဘယ်သူနဲ့မှ အဆက်အသွယ်မပြုဘဲ အွန်လိုင်းကို တိတ်တဆိတ် အသုံးပြုခြင်းဟာ မိမိအတွက် မကောင်းဘူးလို့ ပြောပါတယ်။
အမျိုးသမီး အများစု ပါဝင်တဲ့ လူပေါင်း ၁,၃၀၀ လေ့လာမှုမှာ အွန်လိုင်း လူမှုကွန်ရက်တွေကို ပုံမှန် သုံးခြင်းက စိတ်ပိုင်းဆိုင်ရာ ချမ်းမြေ့မှုကို ထိခိုက်စေပြီး မိမိ ဘဝကို မိမိဘာသာ ကျေနပ်မှုနှစ်သက်မှု ကင်းမဲ့စေတယ်လို့ ဆိုထားပါတယ်။ ဒီလေ့လာမှုမှာ အွန်လိုင်း ဆိုရှယ်မီဒီယာ အသုံးပြုမှုကို ခေတ္တ ရပ်နားဖို့လည်း အကြံပြုထားပါတယ်။
Credit : BBC Burmese






