BEC-TERO TV

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး၏ အမည်ကို အလွဲသုံးစားလုပ်၍ ယာဉ်စည်းကမ်းဖောက်ဖျက်သော လန်ခရူဆာယာဉ်ကို ရာသက်ပန်လိုင်စင်ပိတ်မည်

26 Dec 2016     1,346 Views


ဒီဇင်ဘာ ၂၃ ရက်နေ့က ပန်းပဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း(အလယ်) ဘလောက်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖောက်ကာ အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် ယာဉ်အမှတ် 5F/8266 Land Cruiser(Cygnus) အမျိုးအစားယာဉ်တစ်စီးကို သတင်းပေးမှု့အရ ယာဉ်ထိန်းရဲမှ သွားရောက်စစ်ဆေးခဲ့သည်။ ယာဉ်ပိုင်ရှင်ရောက်ရှိလာချိန်တွင် ယာဉ်ထိန်းရဲမှ ကားဝှီးတက်နှင့် ယာဉ်မောင်းလိုင်စင် ပြသရန် ပြောဆိုစဉ် ယာဉ်ပိုင်ရှင်မှ တိုင်းမှူးဝင်းနိုင်ဦး၏ သူငယ်ချင်းဟု ပြောဆိုကာ မော်တော်ယာဉ်အား မောင်းနှင်သွားခဲ့ကြောင်း သိရှိရသည်။
 
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ဝင်းနိုင်ဦးနှင့် သိရှိခဲ့ခြင်းမရှိပဲ အမည်ကို အလွဲသုံးစားလုပ်ခဲ့သည့် အဆိုပါယာဉ်အား လိုက်လံစုံစမ်း၍ လမ်းမတော်မြို့နယ်၊ အမှတ် (၉၇)၊ ၁ ရပ်ကွက်နေ ဒေါ်တင်တေင်အောင်ဆိုသူ ဖြစ်ကြောင်း သိရှိခဲ့ပြီးနောက် လိုက်သွားခဲ့ရာ အဆိုပါ လိပ်စာတွင် နိုင်ငံခြားသားများနေထိုင်ကြောင်း တွေ့ရှိရသဖြင့် ယာဉ်ပိုင်ရှင်၏ လိပ်စာအမှန်ကို ဆက်လက်ရှာဖွေ စုံစမ်းလျှက်ရှိသည်။
 
5F/8266 Land Cruiser(Cygnus) ယာဉ်ပိုင်ရှင်မှ တစ်ပတ်အတွင်းလာရောက်ဖြေရှင်းခြင်းမပြုပါက ယာဉ်လိုင်စင် သက်တမ်းတိုးမှုကို ရာသက်ပန် ပိတ်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြခဲ့ပြီး၊ ယာဉ်အားတွေ့ရှိသူ မည်သူမဆို ဆက်သွဘ်အကြောင်းကြားနိုင်ရန် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ရန် သတင်းထုတ်ပြန်ခဲ့သည်။
 
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ၀၁- ၂၃၂၃၁၉၉၊ ၁၉၉
အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ၀၁-၂၉၆၄၅၄၊ ၀၁-၂၉၁၂၈၅၊
အမှတ်(၇)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲဝ၉-၅၄၀၉၀၃၀၊၀၉-၂၅၀၀၆၀၈၇၈
 
ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်သူ မည်သည့်ယာဉ်ကိုမဆို ဥပဒေစည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားရန်နှင့် အထက်အကြီးအကဲများ၏ အမည်ကို အလွဲသုံးစားပြုပြီး စည်းကမ်းဖောက်ဖျက်သူ မည်သူ့ကိုမဆိုလည်း ဥပဒေနှင့် အညီအရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
Source:Yangon Police
 

26 Dec 2016     1,346 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS