BEC-TERO TV

အစိုးရသစ်လက်ထက်မှာ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံရတဲ့ အမှု ၃၈ မှုရှိလာ

26 Dec 2016     1,250 Views


- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့တရားစွဲဆိုခံရသူပေါင်း၃၈ မှုရှိပြီဖြစ်တယ်လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသန အဖွဲ့မှ ကိုဆောင်းခကပြောပါတယ်။ တရားစွဲဆိုခံထားရတဲ့ အမှုအားလုံးဟာ အသရေဖျက်မှုတွေဖြစ်ပြီး အခုလ ဒီဇင်ဘာ ၂၃ နေ့အထိကောက်ယူ ထားတာဖြစ်ပြီး လတ်တလော ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၅ဦးရှိပြီဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ၅ဦးရှိပြီဖြစ်တယ်လို့ ကိုဆောင်းခကပြောပါတယ်။

- ၆၆(ဃ)ပြင်ဆင်နိုင်ရေးအတွက် အစီရင်ခံစာ၊အကြံပေးချက်များကို လွှတ်တော်နဲ့ဆက်သွယ်ရေးဌာနကို နောက်လအတွင်း ပေးပို.နိုင်ဖို့ကိုလည်း စီစဉ်နေတယ်လို့သိရပါတယ်။ ဆက်သွယ်ရေးဆိုင်ရာဥပဒေသုတေသနအဖွဲ့အနေနဲ့ မှတ်တမ်းများလိုက်ကောက်ခြင်းများနဲ့ တရားစွဲဆိုခံထားရသူတို့ရဲ့အမှုအခင်းအချက်အလက်တွေကို ပြန်လည်စုဆောင်းလျက်ရှိပြီး ၆၆(ဃ)ကိုဘယ်လို ပြုပြင်ရင်ကောင်းမယ်ဆိုတဲ့ အစီရင်ခံစာသဘောမျိုး၊အကြံပေးချက်များကို စတင်ရေးသားနေတယ်လို့ သိရပါတယ်။ အကြံပေးချက်တွေကို ဆက်သွယ်ရေးဌာနကို ၂၀၁၇ခုနှစ် ဇန်န၀ါရီလထဲမှာပေးဖို့ စီစဉ်ထားပြီး ပြည်သူများနဲ့ သတင်းမီဒီယာတွေကိုပါ ထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။

- ၆၆(ဃ)ပြင်ဆင်ရေးနဲ့ပတ်သတ်ပြီး ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာစမ်းစစ်သုံးသပ်ရေးကော်မရှင်ရဲ့ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းကတော့ ဥပဒေနဲ့ ပြစ်မှုပြစ်ဒဏ်ကိုပြင်ဆင်သွားဖို့ ရှိတယ်လို့ပြောဆိုထားပါတယ်။ တရားလွတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က လူပုဂ္ဂိုလ်တစ်ယောက်နဲ့တစ်ယောက်ဖြစ်ပွားတဲ့ ကိစ္စအတွက်ရည်ညွှန်းသော အသရေဖျက်ခြင်း ဂုဏ်သိက္ခာ ကျဆင်းစေခြင်းကို အရေးတကြီး ပယ်ဖျက်သင့်တယ်။ အာမခံရတဲ့ ပုဒ်မအဖြစ် ဒဏ်ငွေကို အစားထိုးပြောင်းလဲသင့်တယ်လို့ထင်တယ်လို့ပြောပါတယ်။ အဆိုပါ ပုဒ်မဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းကိုထိခိုက်စေနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက မှတ်ချက်ချထားပါတယ်။ 

Credit : kumudranews


26 Dec 2016     1,250 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS