BEC-TERO TV

မော်ဒယ်လ် သန္တာလှိုင်ရဲ့ ၅ မိနစ်တာ ဗိုက်အဆီချနည်း

26 Dec 2016     2,402 Views


 
ဖက်ရှင်မော်ဒယ် သန္တာလှိုင်ဟာ ကလေးနှစ်ယောက် မွေးဖွားထားသည့်တိုင် ကျစ်လျစ်သွယ်လှတဲ့ ခန္တာကိုယ် အချိုးအစားကို ထိန်းထားနိုင်တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ အဓိက ဒုက္ခပေးတတ်တာက အသက်လေး နည်းနည်းရလာပြီဆိုရင် ဆီးခုံမောက်တက်လာပြီး ဗိုက်အောက်ပိုင်းတွေ ပူလာတတ်တာပဲ ဖြစ်ပါတယ်။ ဒါတွေအားလုံးကို နှစ်ပတ်အတွင်း ပြောင်းလဲသွားစေမယ့် သူမ ကိုယ်တိုင်သုံးနေတဲ့ နည်းလမ်းလေးကို ဖော်ပြထားပါတယ်။
 
 
သူမရဲ့ နည်းစနစ်ဟာ အိပ်ထမတင်(ဘယ်လီရိုက်) လေ့ကျင့်ခန်းထက် ပိုမိုထိရောက်စွာ အဆီချနိုင်ပြီး ကလေးမွေးပြီးကာစ အမေများနဲ့လည်း သင့်လျော်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဆရာဝန်ကိုတော့ တိုင်ပင်စေချင်တယ်လို့လည်း သတိပေးထားပါတယ်။ သူမကတော့ ကလေး နှစ်ယောက်လုံးကို သဘာဝအတိုင်း မွေးထားပြီး၊ ကလေးမွေးပြီး နှစ်ပတ်အကြာမှာ အခုဖော်ပြမယ့် လေ့ကျင့်ခန်းကို စလုပ်နေပြီလို့ ဆိုပါတယ်။ အဆီလောင်ကျွမ်းမှုကနေ ချွေးဖြစ်လာတောကြောင့် ဒီနည်းကို လိုက်လုပ်ကြမယ်ဆိုရင် ဘာမှ သိပ်လှုပ်ရှားဖို့မလိုပဲ ချွေးပြိုက်ပြိုက်ကျလာပြီး အမြန်ဆုံးအဆီကျစေမှာဖြစ်ပါတယ်။
 
** ပထမဆုံး **
 
အကြောလျှော့ပါ။ ပုံလေးတွေထဲကအတိုင်း yoga လုပ်ရင်းနဲ့ တတ်လာတဲ့ အကြောလျှော့နည်း လေးတွေပါ...။
 
 
ပြီးရင် တံဒေါင်ဆစ် မနာအောင် ကြမ်းပြင်မှာ တစ်ခုခုခင်းပြီး တံဒေါင်နဲ့ ထောက်ပါ... ပြီးရင် ခန္ဓာကိုယ်ကို ပုံထဲက အတိုင်း ဖြောင့်မတ်နေအောင် ထားပြီး ခြေဖျားကို ထောက်ပါ...
 
 
ခါးကို ညွတ်ပြီး အောက်ကို အိကျ မလာအောင် သတိထားပြီး ပြန်ဖြောင့်ပါ... တင်ပါးလေးကို အပေါ်မှာ ထောင်နေအောင် ချက်အောက်ပိုင်းက ဗိုက်ကြွက်သားလေးတွေကို အသုံးပြုပြီး မတ်နေအောင် ထောင်ထားပါ...
 
အလိုလို ပေါင်အရှေ့က ကြွက်သားတွေ သုံးမိပါလိမ့်မယ် ကိစ္စမရှိပါဘူး...  တရားထိုင်တဲ့ အခါ သတိနဲ့ အာရုံစိုက်သလို ပြန်စိုက်ပြီး ဗိုက်သားတွေကို အသုံးချပါ အဲ့ဒီပုံစံအတိုင်း ၁၀ စက္ကန့်လောက်လုပ်နိုင်ရင် ပထမဆုံး နေ့မှာ လုပ်တဲ့လူတွေအတွက် တော်တော်မဆိုးပါဘူးလို့ ပြောလို့ရပါတယ်... 
 
ဒါပေမယ် ပထမဆုံးအနေနဲ့ တကယ်လုပ်ရမှာက ပထမနေ့မှာ တစ်ခါလုပ်ရင် စက္ကန့် ၃၀ ပါ။ ပြီးရင် စက္ကန့် ၃၀ နား၊ ပြီးရင် နောက်ထပ် စက္ကန့် ၃၀ နဲ့အားလုံးပေါင်း စက္ကန့် ၃၀ ကို (၄)ကြိမ် လုပ်ရမှာဖြစ်ပါတယ်။
 
လေ့ကျင့်ခန်း စ,စချင်း ပထမတစ်ပတ်လုံးကို စက္ကန့် (၃၀) နဲ့ စတင်ပါ။ ဒုတိယတစ်ပတ်ကစလို့ စက္ကန့် ၃၀ ကနေ တစ်မိနစ်အထိ ကြိုးစားပြီး တက်ရမှာဖြစ်ပါတယ်။
 
အားလုံးပေါင်း တစ်နေ့ကို ၅မိနစ်လောက် အချိန်ပေးလိုက်တာနဲ့ နှစ်ပတ်အတွင်း သိသိသာသာ ဗိုက်ခေါက်ကျစေမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ဗိုက်သားတွေ၊ ဗိုက်ကြောတွေ နာလာတယ်ဆိုရင်တော့ ဒါဟာ အဆီတွေ စတင်ဖျော်ချခံနေရပြီလို့ မှတ်ပါ၊ ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါပေမယ့် အတွင်းကလီစာ တစ်ခုခုနာကျင်မှုခံစားရတယ်ဆိုရင်တော့ လေ့ကျင့်ခန်းကို ရပ်ပစ်ပြီး ဆက်လုပ်ရန် သင့်မသင့် ဆရာဝန်၏ အကြံဉာဏ်နှင့် စစ်ဆေးမှု ခံယူပါ။ “Plank” လို့ခေါ်တဲ့ လေ့ကျင့်မှု လွယ်ကူသဘောပေါက်စေရန် ဗီဒီယိုနှင့်တစ်ကွ ဖော်ပြပေးလိုက်ပါတယ်။
 
Credit:Thandar Hlaing(FB)

 


26 Dec 2016     2,402 Views




RELATED

Most Popular of Health Fix

Most Popular of Life Style