ခရစ္စမတ်သီချင်းစစ်သည်များ တင်ဆောင်လာသော ရှရှား စစ်ဖက်လေယာဉ် ပင်လယ်နက်ထဲ ပျက်ကျ
26 Dec 2016 1,676 Views

ဒီဇင်ဘာ ၂၅ ရက်နေ့က ခရီးသည် ၉၂ ဦးတင်ဆောင်လာသော ရုရှားစစ်ဖက်လေယာဉ်တစ်စီး ပင်လယ်နက်ထဲသို့ ပျက်ကျသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း သတင်းရရှိသည်။ အဆိုပါလေယာဉ်ပေါ်တွင် ရုရှားတပ်မတော် ခရစ္စမတ်ဓမ္မတေး သီဆိုသူများပါဝင်ခဲ့ပြီး သေဆုံးသူများအတွက် ဝမ်းနည်းပူဆွေးမှု အခမ်းအနားကို ဒီဇင်ဘာ ၂၆ (ယနေ့)တွင် ပြုလုပ်ရန် ရုရှားသမ္မတ ဘလာဒီမာပူတင်က ကြေညာခဲ့သည်။

Tupolev Tu-154 လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၈ ဦးနှင့် ခရီးသည်စစ်သား ၈၄ ဦးပါဝင်ခဲ့သည်။ ဆိုချီအက်ဒလာ လေဆိပ်မှ ဆီရီးယာသို့ ပျံသန်းထွက်ခွာမှု သိပ်မကြာမီ နံနက် ၅ နာရီ ၂၅ မိနစ်ခန့်မှာ မြေပြင်ထိန်းချုပ်ရေးစခန်း ရေဒါမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပျက်ကျခဲ့သောလေယာဉ်ကို ကမ်းခြေနှင့် ၁.၅ ကီလိုမီတာ ရေအောက်အနက် ၇၀ မီတာ ခန့်တွင် ပြန်လည်တွေ့ရှိခဲ့သည်။

လေယာဉ်ပျက်ကျရာတွင် ပါသွားသော ရုရှားတပ်မတော် ဖျော်ဖြေရေးတပ်ဖွဲ့
လေယာဉ်ပေါ်တွင်ပါသွားသော စစ်သားများမှာ ဆီးရီးယားရှိ ဟီမီမင်စခန်းတွင် နှစ်သစ်ကူးပွဲတော် အခမ်းနားအတွက် ပူးပေါင်းပါဝင်ရန် လိုက်ပါခဲ့ကြခြင်းဖြစ်သည်။
Ref:Straits Times






