BEC-TERO TV

မျက်တောင်တုတပ်တဲ့အခါ မှားယွင်းလေ့ရှိတဲ့အချက်(၅)ချက်

27 Dec 2016     1,315 Views


ယနေ့ခေတ်မှာ မိန်းကလေးတော်တော် များများ မျက်တောင်တုလေးတွေ တပ်လာကြပါတယ် မျက်တောင်ဆိုတာ မိန်းကလေးတစ်ယောက်ကို လှပစေတဲ့အစိတ်အပိုင်းထဲမှာပါပါတယ်။ မိတ်ကပ်ပြင်ဆင်တဲ့အခါ မျက်တောင်ရှည်ပြီးနဂိုမျက်တောင်ထူတဲ့သူကျ ပြသနာမရှိပေမယ့် မျက်တောင်တိုပြီးပါးတဲ့သူက မျက်တောင်တုတွေကိုအားကိုးရပါတယ်။မျက်တောင်တုဆိုတာလည်း ဆေးလိုပါပဲ။သုံးတတ်ရင်တော့လှသွားပေမယ့်မသုံးတတ်ရင် ပိုရုပ်ဆိုးသွားစေပါတယ်။ ဘယ်လိုအချက်တွေက သင့်ကိုမျက်တောင်တုတပ်ရာမှာ အခက်တွေ့မှားယွင်းစေလဲဆိုတာ သိဖို့တော့မဖြစ်မနေလိုအပ်ပါတယ်။

၁-မှားယွင်းတဲ့မျက်တောင်တွေကိုဝယ်မိတာ

Brandကအဓိကအရေးမကြီးပါဘူး ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းဖြစ်ဖို့ကအဓိကပါ။များသောအားဖြင့် မိတ်ကပ်ပညာရှင်တော်တော်များများက သာမန်ဈေးသက်သာတဲ့Drugstoreတွေမှာရတဲ့ မျက်တောင်တုတွေကိုပဲ သုံးတာများပါတယ်။ဒါကြောင့် ဈေးကြီးပြီးကိုယ်နဲ့ မလိုက်ဖက်တဲ့ မျက်တောင်တုတွေကို ၀ယ်ယူဖို့ စိတ်ပူနေစရာမလိုပါဘူး။မျက်တောင်တုတွေရွေးချယ်ဖို့ အခွင့်အရေးအများကြီးရှိပါတယ်။စစချင်းအမြဲ တပ်ကြည့်ဖို့အဆင်သင့်မဖြစ်သေးဘူးဆိုရင်တော့ထူထူထဲထဲ မျက်တောင်တုတွေကိုရှောင်သင့်ပါတယ်။ထူထူထဲထဲမျက်တောင်တွေကမီးခိုးရောင်ရင့်ရင့်တွေနဲ့ပဲလိုက်ဖက်ညီတာပါ။ သဘာဝဆန်ဆန်ကိုပဲရွေးချယ်သင့်ပြီးတော့ ကိုယ်နဲ့ လိုက်ဖက်တဲ့ပုံစံကို ရွေးပါ။

၂-မျက်တောင်တုမှာတစ်ဆက်တည်းပါတဲ့ကော်ကိုသုံးတာ

မျက်တောင်တုဘူးကို ဖွင့်လိုက်တဲ့အခါကော်ဗူးပါ တစ်ခါတည်း ပါတာကိုတွေ့မှာပါ။အဲဒီကော်ဗူးကို အမှိုက်တောင်းထဲသာ ချက်ချင်းပစ်လိုက်ပါ။သူတို့တွေကကြာရှည်မခံတဲ့အပြင် သက်တောင့်သက်သာမရှိလှပါဘူး။မိတ်ကပ်ဂုရုတွေ ညွှန်းတဲ့သင့်အတွက်အကောင်းဆုံးကော်ကDUO Lash Glueပါ။အဖြူရောင်၊ခဲရောင်နဲ့ အနက်ရောင်ရှိပြီး ရေကူးတာ၊ လေ့ကျင့်ခန်းလုပ်တာတွေနဲ့ငိုတာတောင်မှ ကွာမသွားအောင် ထိန်းထားတယ်လို့ဆိုပါတယ်။

၃-ကော် ပါးနေတာ

မျက်တောင်တု စစတပ်ချင်းမှာသင်လုပ်မှာက ကော်ကပ်တာပါ။မျက်တောင်တုကို ကော်သုတ်ပြီးပြီး ချက်ချင်းတပ်လိုက်ရင် နေရာရွေ့သွားတာ အိုင်းလိုင်နာဆွဲရင်တွန့်သွားတာတွေ ဖြစ်တတ်ပါတယ်။ချက်ချင်းမကပ်ဘဲ ခဏလောက် ထားပြီးမှ မျက်ရစ်အောက်ခြေကိုကပ်ရမှာ ဖြစ်ပါတယ်။ကော်ကို နည်းနည်းလေး အပူပေးပြီးခြောက်အောင် လုပ်သင့်ပါတယ်။ကော်ထူလေ တပ်ရတာ အဆင်ပြေလေ ဖြစ်ပြီး မျက်ခွံပေါ်ကနေ မရွေ့သွားနိုင်တော့ပါဘူး။

၎-မျက်တောင်ပေါ်ကို ကော်တန်းပြီးညှစ်ချပစ်တာ

တကယ်ကိုရှောင်သင့်တဲ့အချက်ပါ။ကော်ကို ထိပ်လုံးဂွမ်းတံလေးနဲ့ အရင်ယူပြီးမှ မျက်တောင်တုရဲ့ လိုင်းတွေကို သုတ်ပေးပါ။ဒီနည်းလမ်းကကော်တွေကို ပိန်းပိန်းခဲခဲမဖြစ်စေတဲ့အပြင် လုံလောက်တဲ့ကော်ပမာဏကို ရရှိစေမှာပါ။ အများစုကကော်ဗူးထဲကကော်ကို မျက်တောင်ပေါ်တိုက်ရိုက် ညှစ်ချတာမျိုး လုပ်လေ့ရှိပါတယ်။တကယ့်အမှားပါပဲ။

၅-လက်ချောင်းတွေကိုသုံးတာ

သင်က ကျွမ်းကျင်သူတစ်ယောက်ဆိုရင် လက်ချောင်းတွေကကောင်းကောင်း လုပ်နိုင်ပေမယ့် တကယ်တမ်းတော့ ဇာဂနာတွေကိုပဲသုံးသင့်ပါတယ်။ဇာဂနာလေးတွေက မျက်တောင်တုတွေကို မပျက်စီးစေဘဲ ပင့်တင်ပေးနိုင်တဲ့အပြင် အလွယ်တကူပဲ မျက်ရစ်ပေါ်ကို တင်လိုက်လို့ရပါတယ်။

ဒီအချက်ငါးချက်ကို ပြင်လိုက်ရင် လုံးဝပြည့်စုံပါတယ်။ဒါ့အပြင် မျက်တောင်တုတွေနဲ့ ပတ်သက်လို့နောက်ထပ်မေးစရာရှိနိုင်တာက “မျက်တောင်တုတွေကို မျက်လုံးမခြယ်ခင်တပ်သင့်သလားခြယ်ပြီးမှတပ်သင့်သလား”ဆိုတာနဲ့ “မျက်တောင်တုတွေကို Mascaraသုံးပေးသင့်သလား”ဆိုတာပါပဲ။ ဒီမေးခွန်းနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေတော့မရှိပါဘူး။ကိုယ်နဲ့အဆင်ပြေမယ့်နည်းလမ်းကိုစမ်းကြည့်ပြီးသုံးသင့်ပါတယ်။ သင့်အလှကို ပံ့ပိုးပေးမယ့် မျက်တောင်တုကို တပ်တဲ့အခါ နည်းစနစ်မှန်မှန်တပ်တတ်ဖို့လိုပါတယ်။

Credit:moda magazine 


27 Dec 2016     1,315 Views




RELATED

Most Popular of Special or Others

Most Popular of Life Style