BEC-TERO TV

ရန်ကုန်မှာမြို့နယ်အလိုက် တနေ့တစ်နာရီ မီးပြတ်မည်

27 Dec 2016     1,239 Views


ရတနာကမ်းလွန်နဲ့ပတ္တမြားကမ်းလွန်ပလက်ဖောင်းတို့ ကို ထိန်းသိမ်းပြုပြင်ဖို့ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်တွေကို မြို့ နယ်အလိုက် တစ်နေ့ ကို တစ်နာရီ လျှပ်စစ်ဓာတ်အားဖြတ်တောက်သွားဖြစ်တယ်လို့ သိရပါတယ်။ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာ လျှပ်စစ်ဓာတ်အားတွေ လျော့နည်းသွားမှာဖြစ်တာကြောင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်မှာဖြစ်ပြီး သည်ကနေ့ ညနဲ့  မနက်ဖြန်ည အထိ နှစ်ရက်ဖြတ်တောက်သွားမှာဖြစ်တယ်လို့ အလုံမြို့နယ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ မှ အထွေထွေမန်နေဂျာ ဦးစောဝင်းအောင်က ပြောပါတယ်။

“ဖျက်မယ်ဆိုတာက ဓာတ်အားပေးစက်ရုံမရှိတဲ့နေရာတွေမှာ မီးပျက်တာများမယ်။ တစ်မြို့ နယ်ကို တစ်နာရီထဲပါ။ညဥ့်နက်ပိုင်းရောက်ရင် အားလုံးကို မီးပြန်ပေးထားမှာပါ။” လို့  ဦးစောဝင်းအောင်က ပြောပါတယ်။ မြို့ နယ်တွေကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ရာမှာ မြို့ နယ်အားလုံးကို ညနေ လေး နာရီပတ်ဝန်းကျင်မှ စတင်ဖြတ်တောက်မှာဖြစ်ပါတယ်။ ဒါပေမယ့် မြို့ နယ်အားလုံးကို တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း ဖြတ်တောက်မှာမဟုတ်ဘဲတစ်မြို့ နယ်ချင်းသာ အလှည့်ကျဖြတ်တောက်မှာဖြစ်တယ်လို့  ဦးစောဝင်းအောင်က ပြောပါတယ်။

ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာ အလုံလျှပ်စစ်ဓာတ်အားပေးစက်ရုံက ဖြန့် ဖြူးပေးနေတဲ့ဧရိယာအတွင်းက မြို့ နယ်တွေနဲ သာကေတလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြန့် ဖြူးပေးနေတဲ့ ဧရိယာအတွင်းက မြို့ နယ်တွေမှာတော့ အချို့ နေရာတွေမှာသာ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှာဖြစ်ပြီးလျှပ်စစ်ဓာတ်အားပြက်တောက်မှု လျော့နည်း လိမ့်မယ်လို့သိရပါတယ်။ ဒါပေမယ့် လှော်ကားမြို့ နယ်က ဖြန့် ဖြူးပေးနေတဲ့ ဧရိယာအတွင်းက မြို့ နယ်တွေအပါအ၀င် လှည်းကူး၊ မင်္ဂလာဒုံ၊ထောက်ကြံ့၊ မှော်ဘီ၊ ကမာရွတ်၊ကြည့်မြင်တိုင်၊အင်းစိန်၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာစတဲ့ မြို့ နယ်တွေမှာ တစ်နာရီနီးပါးဖြတ်တောက်မှာဖြစ်တယ်လို့  သိရပါတယ်။

Credit : kumudranews


27 Dec 2016     1,239 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS