BEC-TERO TV

ဒေတာစင်တာ GMTH တယ်လီကွန်း ဆောက်လုပ်

27 Dec 2016     1,273 Views


- ပြည်တွင်းမှာ အစိုးရအပါအဝင် စီးပွားရေးလုပ်ငန်းတွေမှသိမ်းဆည်းလိုတဲ့ ဒစ်ဂျစ်တယ်ဒေတာတွေရဲ့ ဆယ်ပုံတစ်ပုံခန့်ကိုဝန်ဆောင် မှုပေးနိုင်မယ့် ဒေတာစင်တာတစ်ခုကို GMTH တယ်လီကွန်းမှ တည်ဆောက်လျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ဒေတာလိုအပ်ချက်ရဲ့ ခန့်မှန်းခြေ ဆယ်ပုံတစ်ပုံလောက်  သိမ်းဆည်းနိုင်မယ်လို့ယူဆရပါတယ်၊ တစ်နိုင်ငံလုံးရဲပေါ့လို့ GMTH တယ်လီကွန်းမှ Chief Technical Officer (CTO) ဦးကျော်နိုင် က ပြောပါတယ်။ ပြည်တွင်းမှာ အင်တာနက်အသုံးပြုသူတွေနဲ့ ဒစ်ဂျစ်တယ်ဒေတာ သိမ်းဖို့လိုအပ်တဲ့စီးပွားရေး ကုမ္မဏီတွေများပြားလာပြီးနောက် ဒေတာစင်တာလုပ်ငန်းကို ပြည် တွင်းပြည်ပကုမ္မဏီတွေ စတင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

- ပြည်သူတစ်ဦးချင်းစီရဲ့အချက်အလက်တွေကို အစိုးရအနေနဲ့ ဒေတာစင်တာတွေမှာ သိုလှောင်ထားခြင်း ဖြင့် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်း  ပိုမိုလျင်မြန်လာနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းမှာ ဒေတာစင်တာ လုပ်ငန်းတွေကို ထိုင်းနိုင်ငံကလည်းလာရောက်ရင်းနှီးမြှုပ်နှံမှုတွေရှိသလို ပြည်တွင်းကလုပ်ငန်းရှင် တချို့လည်းစတင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဆိုပါ ဒေတာစင်တာ ကုမ္မဏီအနေနဲ့  ဖေ့စ်ဘုတ်ခ်၊ ဂူးဂဲလ်ကဲ့ သို့သော ပြည်ပဆက်သွယ်ရေးကုမ္မဏီကြီးတွေကိုလည်း ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အစိုးရရဲ့မူဝါဒအပေါ်မူတည်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ဒေတာစင်တာကဏ္ဍအားကောင်းလာတယ်လို့လည်း ပညာရှင်တချို့ကသုံးသပ်ထားကြပါတယ်။ 

Credit : kumudranews


27 Dec 2016     1,273 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS