အိန္ဒိယတွင် လေယာဉ်တစ်စင်း လမ်းချော်ပြီး ခရီးသည်များ ဒဏ်ရာရရှိ
27 Dec 2016 1,585 Views

ဒီဇင်ဘာ ၂၇ ရက် ယနေ့နံနက် စောစောပိုင်းက အိန္ဒိယနိုင်ငံတောင်းပိုင်းရှိ လေဆိပ်တစ်ခုတွင် ခရီးသည် ၁၆၁ ဦးတင်ဆောင်ကာ မွန်ဘိုင်းသို့ ထွက်ခွာမည့် လေယာဉ်တစ်စင်း လမ်းချော်ကာ လေယာဉ်ပြေးလမ်းပေါ်မှ မီတာ ၂၀၀ ခန့်အထိ ထိုးစိုက်ကျသွားခဲ့သည်။

လေယာဉ်ပေါ်ပါလာသူ ခရီးသည် ၁၅ ဦး အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူနှင့် ကြီးကြီးမားမား ဒဏ်ရာရရသူ မရှိခဲ့ကြောင်း သိရှိရသည်။

“Jet Airways” လေကြောင်းလိုင်းမှာ မွန်ဘိုင်းသို့ ထွက်ခွာရန် လေယာဉ်ပျံတက်ဖို့ ကြိုးစားစဉ် လမ်းချော်ကျခဲ့ခြင်းဖြစ်သည်။ ပြေးလမ်းပေါ်မှ ချော်ကျရသည့် အကြောင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။

Source:TheSun






