BEC-TERO TV

ဇနီးသည်အိမ်ပေါ်က ဆင်းသွားတာကြောင့် ကျန်ခဲ့တဲ့ ၉ နှစ်သမီးကို ဓားနဲ့ထိုးတဲ့ ဖခင်

28 Dec 2016     1,539 Views


ထိုင်းနိုင်ငံ၊ မယ်ဆိုင်ခရိုင်၊ ချင်းရိုင်မြို့တွင် ဇနီးသည်က စိတ်ဆိုးကာ ကလေးအငယ်ကို ခေါ်ဆောင်၍ အိမ်ပေါ်က ဆင်းသွားခဲ့တာကြောင့် ဒေါသထွက်ပြီး အိမ်တွင်ကျန်ရစ်သာ အသက် ၉ နှစ်အရွယ် သမီးကြီးကို ဖခင်အရင်းက အချက်ပေါင်းများစွာ ဓါးနှင့်ထိုးသတ်ခဲ့သော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
 
 
သမီးဖြစ်သူဟာ ဓါးအချက်ပေါင်းများစွာနဲ့ သေးဆုံးသွားခဲ့သည်။ သမီး၏ အလောင်းနှင့် အသုံးပြုခဲ့သော ဓါးကို ဆေးကျောရှင်းလင်းထားပြီးနောက် အိမ်နီးချင်းများထံသို့သွားကာ အဖြစ်အပျက်အမှန်ကို ပြောပြခဲ့ပါတယ်။ မည်သူကမျှ သူပြောပြတာကို မယုံကြည်တဲ့အတွက် အိမ်သို့ပြန်လာခဲ့ပြီးနောက် ဇနီးသည် ပြန်လာချိန်ကို အိမ်တွင် စောင့်နေခဲ့ပါတယ်။ နောက်တစ်နေ့ နံနက် ဇနီးသည် ပြန်လာသည့်အခါတွင် အဖြစ်အပျက်ကို တွေ့ရှိပြီးနောက် မဲဆိုင်ခရိုင် ရဲတပ်ဖွဲ့ထံသို့ ချက်ခြင်းတိုင်ကြားခဲ့ပါတယ်။
 
တရားခံဖြစ်သူ အသက်(၃၇)နှစ်အရွယ် အမျိုးသားကို ရဲတွေလာရောက် ဖမ်းဆီးချိန်မှာ ပတ်ဝန်းကျင်မှလူများ ဒေါသထွက်ကာ ကားပေါ်ကဆွဲချပြီး ပြစ်ဒဏ်ခတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သူဟာ မကြာခဏ အရက်သောက်တဲ့အတွက် ဇနီးဖြစ်သူက စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းခဲ့ခြင်းဖြစ်ပါတယ်၊ ဒီကိစ္စအပေါ် မကျေနပ်၍ ဒေါသအိုးပေါက်ကွဲကာ သမီးငယ်ကို ရက်စက်စွာ သတ်မိခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
 
Credit: DVB
 

28 Dec 2016     1,539 Views




RELATED

Most Popular of International News

Most Popular of NEWS