BEC-TERO TV

ချစ်သူရှာဖွေရေးအေဂျင်စီကို အရေးယူလို့မရနိုင်

28 Dec 2016     1,369 Views


ချစ်သူရှာဖွေရေးအေဂျင်စီတွေ ၊ချစ်သူအငှားလိုက်တာကိုဝန်ဆောင်မှုပေးတဲ့လုပ်ငန်း တွေက ဥပဒေကိုဖောက်ဖျက်တာမဟုတ်လို့ ဖမ်းဆီးလို့မရနိုင်ဘူးလို့သိရပါတယ်။ “ချစ်သူရှာဖွေရေးအေဂျင်စီက တချို့အမျိုးသားတွေအတွက် မိန်းမရှာပေးတဲ့သဘောဖြစ်နေတာဆိုတော့ ပြည့်တန်ဆာဥပဒေနဲ့လဲ မငြိုစွန်းပါဘူးသူတို့တွေကို ဘယ်ဥပဒေအရဖမ်းနေတယ်ဆိုတာကိုတော့ မသိပါဘူး တစ်လင်တစ်မယားစနစ်ကိုမဖောက်ဖျက်ဘူး တည်ဆဲမြန်မာ့ဓလေ့ထုံးထမ်းကို မချိုးဖောက်ဘူးဆိုရင် အရေးယူလို့မရနိုင်ပါဘူး”တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောပါတယ် ။

သည်လုပ်ငန်းတွေကို လွန်ခဲ့တဲ့ရက်ပိုင်းကဖမ်းဆီးပြီးအရေးယူတာတွေကိုပြုလုပ်တော့မယ်လို့ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာပြန့်နှံခဲ့တာလဲဖြစ်ပါတယ် ။ သည်လုပ်ငန်းတွေကအချိန်ပိုင်းလုပ်ငန်းတွေ ၊ အချိန်ပြည့်လုပ်ငန်း တွေဆိုပြီး ခွဲခြားထားတာဖြစ်ပါတယ်။ အချိန်ပိုင်းအလုပ်ဆိုရင် ၁၂၀၀၀ ကျပ် နဲ့ မနက် ၇ နာရီကနေ နေ့လယ် ၁၂ နာရီအထိ လုပ်ကိုင်ရတာဖြစ်ပြီး အချိန်ပြည့်ဆိုရင် မနက် ၇ နာရီကနေ ညနေ ၄ နာရီအထိ ဆင်းရတာ ဖြစ်ပြီး ၃၀၀၀၀ ကျပ် ရရှိတဲ့အပြင် နေ့လယ်စာပါ ကျွေးတယ်လို့ သိရပါတယ်။

သည်လုပ်ငန်းက တစ်လင်တစ်ယားစနစ်ကိုချိုးဖောက်တာလဲမဟုတ် တည်ဆဲမြန်မာ့ဓလေ့ထုံတမ်းကိုလဲ ချိုးဖောက်တာမဟုတ်တာကြောင့် ဖမ်းဆီးအရေးယူလို့ရနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ် ။ သည်လုပ်ငန်းကိုလာရောက်အပ်သူတွေအနေနဲ့ကတော့ အိမ်ထောင်ရှိတယ်ဆိုရင်တော့ တစ်လင်တစ် မယားစနစ်နဲ့ လာရောက်အလုပ်အပ်သူကိုသာအရေးယူနိုင်မှာဖြစ်ပါတယ် ။ လုပ်ငန်းမှာအလုပ်လုပ်ကိုင်ပေး နေတဲ့မိန်းကလေးတွေကလဲ ပြည့်တန်ဆာမိန်းကလေးတွေဖြစ်တယ်ဆိုရင်တော့ အရေးယူလို့ရနိုင်မှာဖြစ်တယ် လို့လဲသိရပါတယ် ။

Credit : kumudranews


28 Dec 2016     1,369 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS