BEC-TERO TV

အိမ်စောစောပြန်ဖို့ ခွင့်တောင်းတဲ့ မူလတန်းကျောင်းသားကို ကြိမ်လုံးနဲ့ ၉၉ ချက်ရိုက်တဲ့ ဆရာ

28 Dec 2016     2,745 Views


ထိုင်းနိုင်ငံမှာ ၇ နှစ်အရွယ် မူလတန်းကျောင်းသားတစ်ဦးက စာသင်ခန်းထဲကနေ စောစောပြန်ခွင့်တောင်းလို့ အသက် ၂၃ နှစ်အရွယ် ဆရာက ကြိမ်လုံးနဲ့ ၉၉ ချက်ရိုက်ကာ အပြစ်ပေးခဲ့တဲ့အတွက် ကလေးရဲ့ နောက်ကျောပြင်မှာ အရှိုးရာတွေ အပြည့်နဲ့ဒဏ်ရာရရှိခဲ့ပါတယ်။
 
ရိုက်နှက်ခံခဲ့ရတဲ့ ဒဏ်ရာကြောင့် ကလေးမှာ အပြင်းဖျားခဲ့ပါတယ်။ မိဘဖြစ်သူတွေ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပြီး ဆရာနဲ့ သွားတွေ့တဲ့အခါမှာ မတောင်းပန်ခဲ့ပဲ နစ်နာကြေးပေးမယ်လို့ ပြောခဲ့ပါတယ်။ မိဘများက အပေးအယူကို လက်မခံပဲ ကလေးကို လူမဆန်စွာ ရိုက်ခဲ့ပေမယ့် သူ့ကိုယ်သူ အပြစ်မရှိဘူးလို့ ခံယူထားပုံရတဲ့ ဆရာကို ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ အဆိုပါအမှုကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲပါ။
 
 
Ref:stomp

28 Dec 2016     2,745 Views




RELATED

Most Popular of Special or Others

Most Popular of NEWS