BEC-TERO TV

တောရိုင်းတိရစ္ဆာန်သတ်ဖြတ်ရောင်းချသည့် စားသောက်ဆိုင်များကို အရေးယူမည်

30 Dec 2016     1,305 Views


 - စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တောရိုင်းတိရစ္ဆာန်များသတ်ဖြတ်ရောင်းချသည့် စားသောက်ဆိုင်များကို ၂၀၁၇ ဖေဖော်ဝါရီတွင် စတင်အရေးယူမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သတင်းရရှိသည်။ စားသောက်ဆိုင်များအနေ ဖြင့် တောရိုင်းတိရစ္ဆာန်များ သတ် ဖြတ်ရောင်းချခြင်းမပြုရန် ဇန်န၀ါ ရီအထိ ပညာပေးကာလသတ် မှတ်ထားပြီး ယင်းကာလကျော် လွန်ပါက အရေးယူမှုများ ဆက် တိုက်လုပ်ဆောင်မည်ဟု စစ် ကိုင်းတိုင်းဒေသကြီး သစ်တောဦး စီးဌာန ညွှန်ကြားရေးမှူး ဦးခင် မောင်ဝင်းက ပြောသည်။ ‘‘ဆိုင်းဘုတ်တွေတော့ က သာခရိုင်မှာ စကပ်နေပါပြီ။ အ ရေးယူတာမျိုးတော့ မလုပ်သေးပါ ဘူး။ ပညာပေးကာလကို ၂၀၁၇ ဇန်န၀ါရီအထိလို့ သတ်မှတ်ထား ပါတယ်။

- ဆိုင်တွေမှာ အရေးမယူ ပေမယ့် ကျန်တဲ့နေရာတွေမှာ အ ရေးယူနေပါတယ်’’ဟု ဦးခင်မောင် ၀င်းက ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း တောရိုင်းတိရစ္ဆာန်သတ် ဖြတ်ရောင်းချမှုများ တားမြစ်ရေး အတွက် ‘ဤဆိုင်တွင် တော ကောင်သားဟင်းလျာ မရောင်း ပါ’ လှုပ်ရှားမှုကို မြို့နယ် ၃၀ တွင် လုပ်ဆောင်မည်ဖြစ်သည်။ အဆိုပါ တက်ကြွလှုပ်ရှား မှုနှင့်အတူ အသိပညာပေး ဟော ပြောမှုများ အဆက်မပြတ်လုပ် ဆောင်မည်ဖြစ်ပြီး အသိပညာ ပေးကာလကုန်ဆုံးချိန်ကို ဇန်န၀ါ ရီအထိ သတ်မှတ်ထားသည်ဟု သတင်းရရှိသည်။

- အစိုးရသစ်တက်လာပြီး နောက်ပိုင်း တိုင်းဒေသကြီးအဆင့် လှုပ်ရှားမှုအသွင်ဖြင့် တောရိုင်း တိရစ္ဆာန်များ တရားမ၀င်သတ် ဖြတ်ရောင်းချခြင်းများ တားဆီး ကာကွယ်ရေး လှုပ်ရှားမှုသည် ပထမဆုံးဖြစ်ပြီး အဆိုပါစီမံချက် ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်မည်ဟု သတင်းရရှိ သည်။ စစ်ကိုင်းတိုင်းဒေသကြီး သည် ဘေးမဲ့တောခြောက်ခုရှိပြီး တရားမ၀င်သစ်ခိုးထုတ်မှုအများ ဆုံးဖြစ်ပွားနေသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး စာရင်းတွင်ပါဝင် သည်။ ယင်းတိုင်းဒေသကြီးရှိ ဘေးမဲ့တော ခြောက်ခုမှာ ချပ် သင်းဘေးမဲ့တော၊ အလောင်း တော်ကဿပ ဘေးမဲ့တော၊ မင်း ၀ံတောင် ဘေးမဲ့တော၊ ရှိန်းမကား ဘေးမဲ့တော၊ ထမံသီဘေးမဲ့တော နှင့် ဟူးကောင်းဘေးမဲ့တောတို့ ဖြစ်သည်။

Credit : 7day daily


30 Dec 2016     1,305 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS