၁၃ နှစ်အရွယ်မိန်းကလေးကို ဓါးထောက်ပြီးမုဒိန်ကျင့်မှု သာကေတတွင်ဖြစ်ပွား
02 Jan 2017 2,286 Views

ဒီဇင်ဘာလ ၂၉ ရက်၊ ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား မိဘများမရှိခိုက် နေအိမ်တွင် ဓားထောက်ကာ အဓ္ဓမသားမယားပြုကျင့်ခဲ့ကြောင်း သိရှိရသည်။
သာကေတမြို့နယ် (၁၀)ရပ်ကွက်၊ ရတနာပုံ(အောက်) ၂ လမ်းနေ ဘိုအေးသန်း(ခ)ရခိုင် အသက် ၃၂နှစ်မှ တစ်ခြံထဲကပ်လျက်နေထိုင်သူ မကြည်ကြည်သန်း အသက် (၁၃)နှစ်အား မိဘများ ဈေးရောင်းသွားနေခိုက် ကလေးမလေး၏ အိပ်ခန်းအတွင်းသို့ ဝင်ရောက်ကာ ဓါးထောက်၍ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ မုဒိမ်းပြုကျင့်ခဲ့သည်။ ထိုအချိန်တွင် ကလေးမလေး၏ မောင်ဖြစ်သူ အသက်(၅)နှစ်အရွယ် တွေ့ရှိသွားခဲ့ပြီး “ဦးရခိုင် သားအစ်မကို ဘာလုပ်တာလဲ”ဟု အော်ပြောသည့်အခါမှ အိမ်ပေါ်မှ ခုန်ဆင်းထွက်ပြေးသွားခဲ့သည်။

အစ်မဖြစ်သူ ဈေးရောင်းရာမှ ပြန်လာပြီးနောက် ညီမ၏လက်မောင်းပေါ်မှ အနီရောင် သွေးခြေဥ ဒဏ်ရာများကို တွေ့ရှိခဲ့ပြီး ဘာဖြစ်တာလဲဟု မေးရာမှ သားမယားအဖြစ် အဓ္ဓမပြုကျင့်ခံရကြောင်း သိရှိခဲ့ရသည်။ သေချာအောင် စစ်ဆေးရာတွင် ကလေးမ၏ အမျိုးသမီးအင်္ဂါစပ်တွင်လည်း သုတ်ရည်များ တွေ့ရှိခဲ့ရသဖြင့် အမှတ် (၂) နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်းကြားခဲ့ကြောင်း သတင်းရရှိသည်။
Source:sai naw khan







