BEC-TERO TV

ဆန်ကုန်သည်များ ဆန်အ၀ယ် လျော့သဖြင့် ပြည်တွင်းဈေးကျဆင်း

02 Jan 2017     1,310 Views


ပြည်တွင်းဆန်ကုန်သည်များ ဆန်အ၀ယ်လျှော့ချထားသဖြင့် ယခုရက်ပိုင်း၌ ပြည်တွင်းဆန်ဈေး အနည်းငယ် ကျဆင်းလာကြောင်း သတင်းရရှိသည်။ နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ် သောကြောင့် တရုတ်အပါအ၀င် ပြည်ပ နိုင်ငံများသို့ ဆန်တင်ပို့ ရောင်းချထားမှုမှ ငွေအ၀င်နည်း သဖြင့် ဆန်ကုန်သည်များက ငွေ နည်း၍ ဆန်အ၀ယ်လျှော့ချထား ကြောင်းပြည်ပသို့ ဆန်တင်ပို့သောကုန်သည် အချို့က ပြောကြားသည်။ ပြည်တွင်း ဈေးကွက်တွင် ဆန်ဈေးနှုန်းမှာ ၂၀၁၆ ဒီဇင်ဘာလဆန်းနှင့် နှိုင်းယှဉ်လျှင် ဆန်ကြမ်း တစ်အိတ်လျှင် ၁,၀၀၀ ကျပ်ခန့် ဈေးကျဆင်းလာသည်။ ယခုနှစ်ပြည်ပသို့ ဆန်တင်ပို့ မှု အခြေအနေသည် နိုဝင်ဘာက စတင်၍ ပင်လယ်ရေကြောင်းမှတင်ပို့မှုမြင့်လာပြီး ဘဏ္ဍာနှစ် ကုန်ဆုံးချိန်တွင် တန်ချိန် သုံးသိန်း ခန့်တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း အထွေထွေအ တွင်းရေးမှူးချုပ် ဦးရဲမင်းအောင် က ပြောသည်။

သို့သော် ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် သင်္ဘောခဈေး တက်လာခြင်းမှာ မြန်မာနိုင်ငံမှ ရောင်းချသည့် ဆန်ဈေးနှုန်းအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ဆန်ကုန်သည် အချို့က ပြောကြားသည်။ လက်ရှိမြန်မာနိုင်ငံမှ ပြည်ပ သို့ ဆန်တင်ပို့မှုသည် ကိုးလအ တွင်း တန်ချိန် လေးသိန်းကျော်ရှိ သည်။

‘‘ပြည်ပပို့ဖို့ အ၀ယ်နည်း တော့ ဈေးကျတဲ့ သဘောပါ။ နှစ်သစ်ကူးရုံးပိတ်ရက်ပြီးလို့ ပြန်ပို့ရင် ဈေးပြန်တက်လာနိုင်တယ်’’ ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောကြားသည်။

တရုတ်နိုင်ငံဈေးကွက်တစ် ခုကို အားထား တင်ပို့နေရသည့် အခြေအနေမျိုးဖြစ်နေခြင်းကြောင့် ၂၀၁၆ တွင် တရုတ်နိုင်ငံမှ အဖမ်းအဆီးများခြင်း၊ မူဆယ်မြို့၌တိုက်ပွဲများဖြစ်ပွားသဖြင့် ကုန်သွယ်ရေးရပ်ဆိုင်းခဲ့ရခြင်းတို့ကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုလျော့နည်းရခြင်းဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန် ရောင်းချမှုသည် ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ဒသမ၄သန်းကျော်တင်ပို့ခဲ့ပြီး ၈၀ ရာခိုင်နှုန်းမှာ နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်သည်။

Credit : 7day daily


02 Jan 2017     1,310 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS