BEC-TERO TV

နေပြည်တော်တွင် ရဲအုပ်တဦး ပုဆိုးဖြင့် လက်နောက်ပြန်တုပ်လျက် အသတ်ခံရ

02 Jan 2017     1,241 Views


၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မိုးဝေလမ်းနှင့်သပြေ (၁၃) လမ်း လမ်းဆုံအနီးတွင် ပုဆိုးဖြင့် လက်နောက်ပြန်တုပ်ခံထားရသော လူတဦး လဲကျနေကြောင်း သတင်းရရှိခဲ့သဖြင့် မြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်။
 
မိုးဝေလမ်းနှင့်သပြေ ၁၃ လမ်း လမ်းဆုံအနီး ကွန်ကရစ်လမ်းမပေါ်တွင် 4C-6728 Corolla အပြာရောက်ယာဉ်အား သော့တန်းလန်းဖြင့်ရပ်ထားသည်ကိုတွေ့ရှိရပြီး လူတဦး လက်ပြန်ကြိုးတုပ်လျက် လဲကျနေသည်ကို တွေ့ရှိခဲ့ရပြီး ၎င်း၏မေးစေ့တွင် ၁ လက်မခန့် ပေါက်ပြဲဒဏ်ရာတချက်၊ အပေါ်နှုတ်ခမ်း ဖူးရောင်ညိုမဲဒဏ်ရာ၊ လည်ပင်း၊ ဝဲရင်ဘက်နှင့် ယာပေါင်တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်။ 
 
သေဆုံးသူမှာ မြို့နယ်မှူးရုံး(ဇမ္ဗူသီရိမြို့နယ်)မှ လ.၁၅၃၈၃၅ ရဲအုပ်ဇော်ဇော်(၄၈ နှစ်) ပျဉ်းမနားမြို့မရဲစခန်းဝင်း နေသူဖြစ်ပြီး ရဲအုပ်ဇော်ဇော်၏အလောင်းအား နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံသို့ ပေးပို့ကာ မြို့မရဲစခန်းမှ (ပ)၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
ဆက်လက်၍ တရားခံဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းစစ်ဆေးရာ ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းက နေပြည်တော် တောင်ညိုတွင် တရားခံဟုယူဆရသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်ရဲစခန်းတွင် စစ်ဆေးလျက်ရှိကြောင်း သိရှိခဲ့ရပါသည်။
 
Credit:NewsWatch
 

02 Jan 2017     1,241 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS