မြို့လည်ခေါင်ဈေးဝယ်စင်တာရှိ တီဗီကြော်ငြာတွင် အပြာကားမှားယွင်းပြသမိ
02 Jan 2017 2,555 Views
တရုပ်နိုင်ငံ နင်ဘိုမြို့က ဈေးဝယ်စင်တာတွင် တပ်ဆင်ထားသော အကြီးစားရုပ်သံ စခရင်ဆိုင်းဘုတ်တွင် ညစ်ညမ်းအပြာကားကို မှားယွင်းပြသမိခဲ့သည့်အတွက် အနီးနားရှိလူအားလုံး အံ့သြမှင်သက်မိကုန်ကြသည်။
ဆိုင်းဘုတ်လုပ်သားက ကြော်ငြာအတွက် စမ်းသပ်ထုတ်လွှင့်ရန် သူ၏ အိမ်ဆောင်ကွန်ပျူတာနှင့် ကြော်ငြာဗီဒီယိုကို ဖွင့်ထားခဲ့ပြီးနောက် အပြင်ခဏသွားစဉ် ကွန်ပျူတာမှ အလိုလျောက်ပြသစနစ် (AutoPlay) ဖြစ်ကာ သူ၏ကွန်ပျူတာထဲတွင် ထည့်ထားသော ညစ်ညမ်းအပြာကားကို ဆက်လက် ပြသမိနေခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကို ရင်ကျိုးရဲဌါနသို့ တိုင်ကြားခဲ့ပြီး တာဝန်ရှိသူ ဆိုင်းဘုတ်လုပ်သားအား စုံစမ်းစစ်ဆေးလျှက်ရှိသည်။
လမ်းပေါ်မှနေ၍ ကြည့်ရှုခဲ့ရသူများကတော့ ဟာသတစ်ခုကို တွေ့ရသည်အလား ရယ်မောအံ့သြလျှက်ရှိကြသည်။ အဆိုပါအဖြစ်အပျက်မျိုး မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်တစ်ခုတွင် ဖြစ်ပျက်ခဲ့သေးသည်။ သို့သော် ယခုကဲ့သို့ မှားယွင်းပြသခဲ့ခြင်းမဟုတ်ပဲ ကွန်ပျူတာ လုံခြုံရေးစနစ်ထဲသို့ ခိုးဝင်ရောက်ကာ ရည်ရွယ်ချက်နှင့် ပြသခဲ့ခြင်းဖြစ်သည်။