BEC-TERO TV

City Liner ဘတ်စ်ကားအများပိုင်ကုမ္ပဏီက ၂၀၁၆ တွင် အစီးရေ (၄၀၀) နဲ့ ပြေးဆွဲဖို့ စီစဉ်

02 Jan 2017     1,208 Views


-  အများပိုင်ဘတ်စ်ကားစနစ်မှာပါဝင်ပြေးဆွဲမယ့် City Liner ဘတ်စ်ကား အများပိုင်ကုမ္ပဏီအနေနဲ့ အများပိုင်ယာဉ်လိုင်းအတွက် ၂၀၁၆ခုနှစ်နဲ့ အထက်မော်ဒယ် ဘတ်စ်ကားအစီး(၄၀၀)နဲ့ ပြေးဆွဲသွားဖို့ စီစဉ်နေပါတယ်။ အခုလက်ရှိမှာ ဘတ်စ်ကားအစီး(၂၀၀)တင်သွင်းပြီးဖြစ်ကာ နောက်ထပ်အစီး (၂၀၀)တင်သွင်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ City Liner ဘတ်စ်ကား အများပိုင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒါ့အပြင်ယာဉ်အဟောင်း ပိုင်ရှင်တွေအနေနဲ့ City Liner ယာဉ်လိုင်းမှာလာရောက်ပြေးဆွဲလိုရင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီရင် ပြေးဆွဲခွင့်ပြုသွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

-  လက်ရှိမှာလည်း ၄၅ အဲယားကွန်းဘတ်စ်ယာဉ်လိုင်းက အများပိုင်စနစ်ထဲမှာ ယာဉ်အစီးရေ(၅၀)ခန့်နဲ့ ပြေးဆွဲဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တွင်းဘတ်စ်ကားတွေကို အများပိုင်စနစ်ပြေးဆွဲနိုင်ရေး အများပိုင်ကုမ္ပဏီ(၈)ခုဖွဲ့စည်းထားပြီး City Liner ဘတ်စ်ကားအများပိုင်ကုမ္ပဏီကတော့ သန်မြန်သူယာဉ်လိုင်းနဲ့ အနာဂတ်ခရီးသည်ပို့ဆောင်ရေးတို့ ပေါင်းစည်းပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။ အများပိုင်ယာဉ်လိုင်းတွေ အခုလအတွင်းစတင်ပြေးဆွဲမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကတော့ ပြေးဆွဲမယ့်ရက်ကို အတိအကျ မပြောနိုင်သေးဘူးလို့ 5 Plus ကိုပြောကြားထားပါတယ်။

Credit : thithtoolwin

ဓာတ်ပုံး  ပုံဖော်မှုမျှသာ


02 Jan 2017     1,208 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS