BEC-TERO TV

လမ်းဆုံလမ်းကွေ့လမ်းသစ်တွေ အဝေးကကြိုသိနိုင်ဖို့ လမ်းညွှန်ဆိုင်းဘုတ်

03 Jan 2017     1,380 Views


ရန်ကုန်မြို့တွင်း လမ်းကြောတွေရဲ့ လမ်းဆုံကွေ့ကြော လမ်းသစ်တွေဖော်ဆောင်တဲ့နေရာမှာ အဝေးကနေ ကြိုတင်သိရှိနိုင်ဖို့ လမ်းညွှန်ဆိုင်းဘုတ်နဲ့ လမ်းအမှတ်အသား ယာဉ်လမ်းကြောင်းပြ မြားတွေကို ကိုက် ၅၀ အကွာလောက်ကတည်းက ပြသဖို့ လိုအပ်တယ်လို့ ယာဉ် မောင်းသူတွေက အကြံပြုပါတယ်။

“အခုတလောမှာ လမ်းဆုံမီးပွိုင့်ကွေ့ကြောတွေမှာ အရင်က တစ်လမ်းပဲ ရှိတာကို နှစ်လမ်း၊ သုံးလမ်းကွေ့ကြောလမ်း ကြောင်းသစ်တွေ ပေးထားတာက ယာဉ်ပို ပြီး ဖြတ်သန်းနိုင်လို့ အဆင်ပြေသွားတယ်၊ ဒါပေမဲ့ မောင်းနေကျမဟုတ်လို့ အနား ရောက်မှ ကွေ့မြားမှန်းသိတော့ ပြန်ထွက်ဖို့ မလွယ်တော့ဘဲ ယာဉ်တိုက်တဲ့အထိ ဖြစ် နိုင်ပါတယ်၊ အဲဒါကြောင့် အဝေးကနေ ကြည့်ပြီး သိနိုင်အောင် ကိုက် ၅၀ အကွာလောက်က ညွှန်ပြတဲ့လမ်းဘေးဆိုင်း ဘုတ်တပ်ဆင်တာ၊ လမ်းလယ်မှာ ယာဉ်ကြောပြမြားအမှတ်အသားတွေကို ရေးဆွဲထားတာတွေရှိသင့်တယ်”လို့ ယာဉ်ပိုင် ရှင်တစ်ဦးဖြစ်တဲ့ ကိုကျော်မင်းထွန်းက ပြောပါတယ်။

ခရေပင်လမ်းနဲ့ ပြည်လမ်းဆုံ၊ မင်းဓမ္မလမ်းနဲ့ ပြည်လမ်းဆုံ၊ လှည်းတန်းလမ်းဆုံ မီးပွိုင့်တွေမှာ လမ်းကြောပြုပြင်တာတွေက သိသိသာသာကောင်းပါတယ်။ လှည်းတန်းမီးပွိုင့်မှာ ကွေ့ကြောနှစ်လမ်းပေး ထားတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ မီးပွိုင့်ဖြတ်ပြီး တက္ကသိုလ်ရိပ်သာလမ်းမှာက တက္ကစီတွေရပ်ထားတာက လမ်းပိတ်စေပါတယ်။ ပါရမီလမ်းနဲ့ ပြည်လမ်းဆုံ (အေဒီလမ်းဆုံ) ပါရမီလမ်းနဲ့ ကမ္ဘာအေးလမ်းဆုံ (ချော်တွင်းကုန်းလမ်းဆုံ)တွေကို ဘယ်ကွေ့ကြောနှစ်လမ်းစီပေးတယ်။ အေဒီ လမ်းဆုံမှာက အဆင်ပြေပါတယ်။ ချော်တွင်းကုန်း လမ်းဆုံက အတည့်သွားတာ ပိုများပါတယ်။ ကွေ့ကြောနှစ်ကြောအစား ကွေ့ကြောသီးသန့်တစ်ကြောနဲ့ အတည့် ကွေ့ကြောနှစ်ကြောဆိုပိုအဆင်ပြေနိုင် တယ်လို့ ယာဉ်မောင်းတစ်ဦးက အကြံပြု ထားပါတယ်။ လမ်းကျဉ်းတဲ့ နေရာတွေမှာ ရှိပြီးသား တြိဂံပုံကိုလည်း ချဲ့လို့ရသေးတယ်လို့ ဆိုပါတယ်။

ကမıာအေးဘုရားလမ်းနဲ့ အုတ်ပုံဆိပ်ကမ်းဆုံမှာတော့ ကမ္ဘာအေးဘုရားလမ်း ဘယ်ကွေ့ကြော သုံးလမ်းပေးထားပါ တယ်။ ကမ္ဘာအေးဘုရားလမ်းကနေ ကန်ဘဲ့လမ်းကို ဘယ်ကွေ့ကြောနှစ်လမ်းပေး ထားပြီး အင်ယားလိတ်ဘက်ကနေ ကမ္ဘာအေးဘုရားလမ်းဘက်ကို နှစ်လမ်းပေး ထားပါတယ်။ အဲသည်မှာ ကွေ့ကြောကားတွေက ကားခေါင်းကို တည့်ကြောထဲ မထည့်မိဖို့ သတိထားရမှာ ဖြစ်ပါတယ်။ ဂန္ဓမာ လမ်းထိပ် ကမ္ဘာအေးဘုရား လမ်းညာအစွန်ဆုံးလမ်းမှာ by pass or free way မပေးရင် လမ်းတွေအကုန်ပိတ်ကုန်ပါတယ်။ ဒါကြောင့် တစ်လမ်းတော့ လွှတ်ထားသင့်တယ်ဆိုပါတယ်။ မြေနီ ကုန်းတံတားကနေ အလုံလမ်းမီးပွိုင့်နဲ့ ဦးဝိစာရအဝိုင်းကွေ့တွေက တော်တော်အ ဆင်ပြေပါတယ်။ လမ်းလယ်ကျွန်းဖျက်ပြီး ကွေ့လိုင်းတစ်လိုင်းထပ်ထည့်တာက ကား မကျပ်စေတော့ပါဘူး။

မီးပွိုင့်လမ်းဆုံ လမ်းချိုးတွေမှာ ဘတ်စ် ကားမှတ်တိုင်တွေ မရှိသင့်ပါဘူး။ သမိုင်းလမ်းဆုံ၊ ခရေပင်လမ်းခွဲနဲ့ ထောက်ကြံ့လို နေရာမျိုးတွေမှာပါ။ ဥပမာ မြန်မာပလာဇာ ရှေ့ဘတ်စ်ကားမှတ်တိုင်က တံတားအ ဆင်းနဲ့ တံတားအောက်က လာတဲ့ လမ်းထိပ်မှာထားတော့ ကုက္ကိုင်းက လာတဲ့ ယာဉ်ကြောတွေ ပိတ်ဆို့တော့တာပါပဲ။ အဲဒါတွေ အသေးစိတ်ပြုပြင်ပေးနိုင်ရင်တော့ ယာဉ်ကြောကျပ်တည်းတာတွေက သည်ထက် ပိုပြေလျော့လာနိုင်ပါတယ်လို့ ယာဉ် မောင်းသူတွေက သုံးသပ်ပါတယ်။

Credit : kumudranews


03 Jan 2017     1,380 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS