BEC-TERO TV

ဘရာဇီးထောင်တွင်း အကျဉ်းသားအချင်းချင်း သတ်ဖြတ်ပုန်ကန်မှုကြောင့် ၅၆ ဦးသေဆုံး

03 Jan 2017     1,523 Views


ထောင်အတွင်း ဘရာဇီးမူးယစ်ဂိုဏ်းအဖွဲ့နှင့် အခြားအဖွဲ့တို့ အချင်းချင်း သတ်ဖြတ်ရာမှ ပုံကန်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၅၆ ဦးကျော်သေဆုံးကြောင်း သတင်းရရှိသည်။ အဆိုပါအဖြစ်အပျက်သည် ထောင်ရာဇဝင်သမိုင်းတွင် အကြမ်းတမ်းဆုံး ဖြစ်ခဲ့ပြီး အကျည်းသားအချင်းချင်း ထောင်ပြတင်းပေါက်မှ ပြစ်ချခဲ့သဖြင့် အစုလိုက်အပြုံလိုက် သွေးချင်းချင်းနီကာ သေဆုံးခဲ့ကြသည်။
 
 
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ပြီး အဆိုပါအဓိကရုန်းကို တနင်္လာနေ့ နံနက် ၇ နာရီခန့်တွင် ငြိမ်သက်အောင် အခြေအနေပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြောင်း ထောင်အာဏာပိုင်များက ပြောကြားသည်။ ဘရားဇီး၏ နာမည်ကြီး မူးယစ်ရာဇာဂိုဏ်းသားများနှင့် အခြားရာဇဝတ်မှုကြောင့် ထောင်ကျနေသူများ အဖွဲ့ကွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 
 
 
အဓိကရုန်းတွင် ထောင်သားများက လက်နက်များလုယက်ကာ ပစ်ခတ်ခဲ့ကြပြီး ထောင်ဝန်ထမ်း ၁၂ ဦးနှင့် ထောင်သား ၇၄ ဦးကို ဓါးစာခံလုပ်ထားခဲ့ပြီး အချို့ကို သတ်ပစ်ကာ အချို့မှာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြခဲ့သည်။ အဆိုပါဖြစ်ရပ်သည် နှစ်ပေါင်းများစွာအတွင်း လူသေဆုံးမှု အများဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။
 

03 Jan 2017     1,523 Views




RELATED

Most Popular of International News

Most Popular of NEWS