BEC-TERO TV

ရန်ကုန်စတော့ခ်အိတ်ချိန်းမှာ အသစ်တင်ပြထားတဲ့ အများပိုင်ကုမဏီ မရှိသေး

03 Jan 2017     1,227 Views


ရန်ကုန်စတော့ခ်အိတ်ချိန်း (YSX) မှာ ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ဖို့ နောက်ထပ်အသစ်တင်ပြထားတဲ့ အများပိုင်ကုမဏီ မရှိသေးဘူးလို့ ရန်ကုန်စတော့ခ်အိတ်ချိန်းက အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက ပြောပါတယ်။ လက်ရှိ ရန်ကုန်စတော့ခ်အိတ်ချိန်းမှာ ရှယ်ယာဈေးနှုန်းတွေက ဆက်တိုက်ကျ ဆင်းနေပါတယ်။ FMI ရှယ်ယာက အမြင့်ဆုံးဈေး ကျပ် ၄၁,ဝ၀ဝ အထိ ဈေးပေါက်ခဲ့ပြီး သည်အပတ် အပိတ်ဈေးမှာတော့ ကျပ် ၁၃,၅၀ဝ အထိ ကျဆင်းခဲ့ပါတယ်။

MCB ကုမဏီကတော့   အမြင့်ဆုံး ဈေး ရှယ်ယာတစ်ခုကို ကျပ် ၅၃,ဝ၀ဝ အထိ ဈေးပေါက်ခဲ့ပေမဲ့ သည်တစ်ပတ်ရှယ်ယာ အပိတ်ဈေးမှာတော့ ကျပ် ၄၄၀ဝ သာ ရှိ ပါတယ်။ MTSH ကုမπဏီကတော့ အမြင့် ဆုံး ရှယ်ယာတစ်စုဈေးနှုန်း ကျပ် ၁၃,၅၀ဝ ကနေ သည်တစ်ပတ်အပိတ်ဈေး ကျပ် ၉၂၀ဝ အထိ ကျဆင်းပါတယ်။ လက်ရှိ ရန်ကုန်စတော့ခ်အိတ်ချိန်းမှာ (FMI First Myanmar Investment, (MTSH) Myanmar Thilawa SEZ Holdings Public Ltd မြန်မာသီလဝါ အထူးစီးပွားရေးဇုန် ဟိုးဒင်းကုမဏီနဲ့(MCB) Myanmar Citizens Bank Ltd မြန်မာနိုင်ငံသားများဘဏ် အများပိုင် ကုမဏီသုံးခုက ရှယ်ယာ အရောင်းအဝယ် ပြု လုပ်နေကြတာ ဖြစ်ပါတယ်။

သည်လ ၂၀ ရက်နေ့မှာတော့ စတုတ္ထ မြောက်ရှယ်ယာအရောင်းအဝယ် ပြုလုပ်ဖို့ (FPB) First Private Bank Ltd ပထမ ပုဂ္ဂလိကဘဏ်ကို ခွင့်ပြုပေးထားပါတယ်။ ရန်ကုန်စတော့ခ်အိတ်ချိန်းဖွင့်လှစ်ပြီး ကိုးလအကြာမှာ အများပိုင်ကုမဏီတွေရဲ့ ရှယ်ယာဈေးနှုန်းတွေကတော့ စံချိန်တင်ကျဆင်းနေတာ ဖြစ်ပါတယ်။

Soure : kumudranews


03 Jan 2017     1,227 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS