ကြက်သွန်နီအခွံရဲ့ အကျိုးကျေးဇူးများ
03 Jan 2017 1,732 Views

တခါတလေမှာ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေရဲ့ ကြက်သွန်နီအခွံ၊ ဖရုံသီးခွံနဲ့ လိမ္မော်ခွံတို့လို တကယ့်အာနိသင်ရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရာတွေကိုမှ လွင့်ပစ်မိကြပါတယ်။ ကြက်သွန်နီရဲ့ အာနိသင်ကိုတော့ လူတိုင်းသတိထားမိပြီး ကြက်သွန်နီကို စားသုံးကြပေမဲ့ ကြက်သွန်နီအခွံရဲ့ အာနိသင်ကိုတော့ သတိမထားမိကြပါဘူး။နောက်ဆုံးပြုလုပ်ထားတဲ့ သုတေသနပြုချက်အရ ကြက်သွန်နီအခွံမှာ ဓါတ်တိုးဆန့်ကျင်တဲ့ဓါတ် Antioxidant နဲ့ ရောင်ရမ်းမှုကို ပျောက်ကင်းစေတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်တဲ့။ ဒီတော့ ကြက်သွန်နီကိုစားပြီးရင် အမှိုက်ရှုပ်ခံပြီး ဘာလို့ လွင့်ပစ်နေမှာလဲ။
	
	ကြက်သွန်နီအခွံရဲ့ အာနိသင်များ
	• ကိုလက်စထရောနဲ့ သွေးတိုးကျစေခြင်း
	• ဓါတ်မတည့်တာကို ပျောက်ကင်းစေခြင်း
	• ရောင်ရမ်းမှုကို သက်သာစေခြင်း
	• ကြွက်သားကြီးထွားမှုကို ထောက်ပံ့ပေးခြင်း
	• စိတ်ကျရောဂါကို ကုသပေးခြင်း
	• ကင်ဆာနဲ့ တခြားရောဂါတွေကို သက်သာစေခြင်း
	ဘယ်လိုသုံးမလဲ
	ကြက်သွန်ခွံကို စားသုံးပေးရမှာတော့မဟုတ်ပါဘူး။ ကြက်သွန်နီရဲ့ အခွံကို စွပ်ပြုတ် (သို့) ဟင်းချိုထဲမှာ ထည့်ပြီး ကြိုချက်ပေးပါ။ ပြီးရင် ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ ကြက်သွန်နီအခွံကို ရေနဲ့ရောပြီး ဝဲနဲ့ ယားနာတဲ့နေရာမှာ လိမ်းပေးနိုင်သလို တခြားအရေပြားပြဿနာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။
	Credit : myfood
                    

		




