BEC-TERO TV

စည်ပင်ဝန်ထမ်းက နို့ကိုင်တယ်ဆိုပြီး တရားဆွဲမယ်လို့ ခြိမ်းခြောက်တဲ့ လမ်းဘေးဈေးသည်

04 Jan 2017     2,341 Views


ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်တွင် ရန်ကုန်မြို့လယ်ကောင်၏ လူစည်ကားရာဖြစ်သော လမ်းမတော်မြို့နယ် အနော်ရထာ(၈)လမ်းထိပ်တွင် တရားမဝင်လမ်းဘေးတွင် ကျူးကျော် ဈေးရောင်းချနေသော လမ်းဘေးဈေသည်များအား စည်ပင်သာယာ အုပ်ချုပ်ရေးမှုးအဖွဲ့က လာရောက် ရှင်းလင်းစဉ် လမ်းဘေးဈေးသည်များနှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ဗီဒီယို လူမှုကွန်ယက် အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျှက်ရှိသည်။
 
ဆိုက္ကားအသုံးပြု၍ ဈေးရောင်းနေသူများနှင့် လမ်းမပေါ်တွင် ချရောင်းနေသူများကို စည်ပင်အဖွဲ့ တာဝန်အရလိုက်လံ သိမ်းဆည်းရာတွင် ဈေးသည်များက အော်ဟစ်ဆဲဆိုခြင်း၊ ခဲများ၊ ဘီယာပုလင်းများဖြင့် တုံ့ပြန်ရန်ပြုခဲ့ကြသည့်အတွက် စည်ပင်ဝန်ထမ်းနှင့် ဈေးသည်အချို့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြပြီး လမ်းမတော် ရဲစခန်း၌ အပြန်အလှန် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
 
ဗီဒီယိုတွင် ဈေးသည်အမျိုးသမီးတစ်ဦးက စည်ပင်ဝန်ထမ်းတစ်ဦးအား “နင် ငါ့နို့ကို လာကိုင်တယ်နော် အေး နင်တို့ကို တိုင်မယ်” ဟု ပြောဆိုသကဲ့သို့ အမျိုးသမီးကြီး တစ်ဦးမှ “နင်တို့ အစိုးရကိုယ်တိုင် တိုင်းပြည်ဖျက်နေတာလား၊ မိန်းမတွေကို မုဒိန်းကျင့်နေတာလား၊ တိုင်းပြည်ပျက်သွားမယ်” ဟု ကြိမ်းမောင်းပြောဆိုခဲ့သလို ဆိုက္ကားသမား တစ်ဦးမှ ပုလင်းတစ်လုံးဆွဲလာပြီး ဝန်ထမ်းတစ်ဦးအား ရိုက်တော့မည့်ဟန်ပြုသဖြင့် ဝိုင်းဝန်း ဆွဲထားရသည်အဓိ မြို့လယ်လမ်းမပေါ်တွင် အရုပ်ဆိုးအကျဉ်းတန်သော အဖြစ်ပျက်များကို တွေ့ရှိရသည်။
 
စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ပျိုးထောင်နေသည့် အချိန်တွင် ပြည်သူများကိုယ်တိုင်က အစိုးရနှင့်တစ်ကွ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းက တိုင်းပြည်ကို နောက်ပြန်ဆွဲနေသည့် အဖြစ်မျိုးသာ ဖြစ်သည့်အတွက် စည်းကမ်းတကျနေတတ်အောင် တရားဥပဒေဖြင့်သာ တင်းတင်းကျပ်ကျပ် ပုံသွင်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
 
Source:Ko Thein Zaw
 

04 Jan 2017     2,341 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS