BEC-TERO TV

အနိုင်ကျင့်ဗိုလ်ကျကာ ဆံပင်ကို တွေ့ရာကတ်ကြေးနဲ့ ကိုက်ခဲ့သော ဒုရဲအုပ်ကို အရေးယူပေးရန် ရဲသားတစ်ဦးတိုင်ကြား

05 Jan 2017     1,417 Views


လူရှေ့သူရှေ့တွင် ဗိုလ်ကျခံခဲ့ရပြီး၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူ ရဲတပ်သားတစ်ဦးမှ ရဲအရာရှိလောင်း သင်းတန်းဆင်းအမှတ်စဉ် (၇၈) သင်တန်းဆင်း ဒုရဲအုပ်ဇင်မိုးဦးကို ထိရောက်စွာ အရေးယူပေးပါရန် အစိုးရဝန်ထမ်းများ ဝင်ရောက်ရေးသားတိုင်ကြားလေ့ရှိသည့် ရွှေတံခါးမှုး ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာတွင် တိုင်ကြားရေးခဲ့သည်။
 
 
တိုင်ကြားသူမှာ အမှတ် ၂၅ လုံခြုံရေးတပ်ဖွဲ့ခွဲ တပ်ခွဲ-၃ မှ ကိုယ်ပိုင်အမှတ်(၂၅၈၁၂၇) ရဲတပ်သားတစ်ဦးဖြစ်ပြီး လုပ်သက် ၁ နှစ်နှင့် ၈ လ ရှိကာ ရ.ပ.ခ တွင် ၁၀ လတာမျှတာဝန်ထမ်းဆောင်ခဲ့ပြီး ပြစ်ချက်တစ်စုံတစ်ရာ မရှိခဲ့ဘူးသူဖြစ်ကြောင်း ဖော်ပြထားသည်။
ဖြစ်စဉ်မှာ အဆိုပါရဲတပ်သား၏ ဆံပင်မှာ ပုံပန်းပျက်လောက်အောင် မရှည်သေးသော်လည်း ဒုရဲအုပ်ဇင်မိုးဦး ဆိုသူက ခဏ ခဏ ညှပ်ခိုင်းနေခဲ့သည်။ ရှေ့တန်းမှ ပြန်လာသည်မှာ ၁ ပတ်ခန့်ပင် ရှိသေးပြီး ဆံသဆရာ မအားလပ်သေးသည်နှင့် မညှပ်ဖြစ်ပဲရှိနေခဲ့သည်။
နောက်တစ်ရက်တွင် ဆံပင်ညှပ်မည်ဟု ထွက်လာခဲ့ရာ ဆံသဆရာ မရောက်လာသေးသဖြင့် လက်ဖက်ရည်ဆိုင်ထိုင်းပြီး စောင့်ဆိုင်းနေစဉ် ဒုရဲအုပ်ဇင်မိုးဦး ရောက်ရှိလာကာ ဆိုင်မှ ကတ်ကြေးတစ်လက်ယူပြီး “လာ..ထိုင်” ဟုဆိုကာ ဆိုင်အတွင်း လူအများကြီး ရှေ့တွင် ရဲတပ်သား၏ ဆံပင်ကို ပစ်စလတ်ခတ် ညှပ်ပစ်ခဲ့ခြင်းဖြစ်သည်။
 
 
ထို့ကဲ့သို့ ညှပ်ပစ်ခဲ့သည့်အတွက် ရဲတပ်သားမှာ အရှက်အကြီးအကျယ် ရခဲ့သည့်အပြင် သူ၏ ဆံပင်မှာလည်း လူတောမတိုးရဲလောက်အောင် ပျက်ဆီးခဲ့ရသည့်အပေါ် မကျေနပ်၍ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုပြီး လုပ်ချင်တာလုပ် သူတလူ ငါတစ်မင်းနဲ့ ကျနော်တို့ကို ကျွန်လိုသဘောထားတယ်။ ကျနော်တို့လည်းတပ်ဖွဲ့ဝင်ပါ။ ကျွန်စနစ်ကို ဖျောက်သင့်နေပါပြီ။ ဒါပေမယ့် အခုတော့ ကျွန်လိုသဘောထားပြီး ရဲနဲ့တောင်မတူပါဘူး။
 
ကျနော် ရဲလုပ်ချင်လို့ ဝင်ခဲ့တာပါ။ ကျွန်ခံချင်ရင် အပြင်မှာ နေ့စားလုပ်မှာပေါ့။ အဆင့်မြင့်တဲ့ပြန်တမ်းဝင်တွေက ဘာမှမဖြစ်ဘူး။ အဆင့်နိမ့်တဲ့ လူတွေက လုပ်ထားတာ။ တပ်ဖွဲ့ဝင်တွေကို ကျွန်လိုသဘောထားပြီးလုပ်ချက်က ရုပ်နဲ့မလိုက်အောင် အောက်တန်းကျပါတယ်။ ကျနော်ဟာရဲတစ်ယောက်ပါ သူပုန်မဟုတ်ပါဘူး။
 
အခုလိုအပြစ်မဲ့တပ်ဖွဲ့ဝင်တွေကို ရာထူးကြီးသူက ဘယ်လိုလုပ်လုပ် ငြိမ်ခံမှာပဲဆိုပြီး ညှင်းပန်းခဲ့ပေါင်းများပါပြီ။ အခုကတော့အဆိုးဆုံး ညှင်းပန်းမှုပါ။ ကျနော့်ရဲ့ဆံပင်ကို ယူနီဖောင်းနဲ့ မလိုက်အောင် လုပ်ထားပုံကို ကြည့်ကြပါဗျာ။ ကျနော်ရဲပါ။
ဟု ရေးသားဖော်ပြခဲပြီး ဒုရဲအုပ်ဇင်မိုးဦး ကို ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့က အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ဒုရဲအုပ်ဇင်မိုးဦး ဆိုသူသည် လက်ရှိတွင် ၂၅ တပ်ဖွဲ့ခွဲမှူး၏ IO တစ်ယောက်ဖြစ်ကြောင်း သိရှိရသည်။
 
Source:ရွှေတံခါးမှူး
 

05 Jan 2017     1,417 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS