BEC-TERO TV

မြန်မာနိုင်ငံကို အိုင်အက်စ် ပစ်မှတ်ထားလာနိုင်ဟု မလေးရှားရဲ သတိပေး

05 Jan 2017     1,271 Views


ဘင်္ဂါလီပြဿနာကြောင့် မြန်မာ နိုင်ငံသည် အိုင်အက်စ်ကဲ့သို့ အကြမ်းဖက်အဖွဲ့အ စည်းများ၏ ပစ်မှတ်ထားခြင်းကို ခံလာရနိုင်ကြောင်း မလေးရှားရဲတပ်ဖွဲ့က သတိပေးပြောကြားသည်။ မလေးရှားရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက် ရေး အထူးယူနစ်သည် ပြီးခဲ့သည့်လက လူတစ်ဦးကို ဖမ်းဆီးခဲ့ရာ ၎င်းသည် အိုင်အက်စ်လိုလားသူတစ်ဦး ဖြစ်နေသည့်အပြင် မြန်မာနိုင်ငံသို့ ထွက်ခွာပြီး အကြမ်းဖက် တိုက်ခိုက်မှုများဖန်တီးရန် အစီအစဉ် ရှိနေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဘင်္ဂါလီမျိုးနွယ် မွတ်စလင်များ ညှဉ်းပန်းနှိပ်စက်ခြင်းခံနေရကြောင်းနိုင်ငံတကာစွပ်စွဲမှုများနှင့် စပ်လျဉ်း၍ ယခုအခါ အိုင်အက်စ်နှင့်ဆက်စပ်သော အရှေ့တောင်အာရှ အစ္စလာမ်မစ်အစွန်းရောက် ကွန်ရက်များက မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်လာနိုင် ကြောင်း မလေးရှားအကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးယူနစ်၏အကြီးအကဲ အေယော့ဘ်ခန်း မိုင်ဒင်ပစ်ချေးက အင်တာဗျူး တစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ သည်။

‘‘ကျွန်တော်တို့ ဖမ်းမိထား တဲ့လူက မြန်မာနိုင်ငံမှာ ဂျီဟတ် လှုပ်ရှားမှုတစ်ခု အကောင်အ ထည်ဖော်ဖို့ စီစဉ်ထားတာပါ။ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ (မူရင်းသတင်းတွင် ရိုဟင်ဂျာ ဟု သုံးနှုန်း) ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ဆန့်ကျင်တိုက် ခိုက်ဖို့အတွက်ပါ’’ ဟု အေ ယော့ဘ်ခန်းက ဆိုသည်။

ထိုသူသည် အင်ဒိုနီးရှားနိုင်ငံ သား တစ်ဦးဖြစ်ကြောင်း အေ ယော့ဘ်ခန်းက ပြောကြားခဲ့သော် လည်း အမည်ကို မဖော်ပြပေ။ ၎င်းကို ဇန်နဝါရီ ၄ ရက် တွင် ရုံးတင်စစ်ဆေးမှု အစပြုခဲ့ ပြီး အကြမ်းဖက်ရန် ကြံစည်မှုစွဲ ချက်အတွက် ပြစ်မှုထင်ရှားပါက မလေးရှားဥပဒေအရ ထောင်ဒဏ် ခုနစ်နှစ်ထိဖြစ်စေ၊ ဒဏ်ငွေဖြစ် စေ ချမှတ်နိုင်ကြောင်း သိရသည်။ အေယော့ဘ်ခန်းက ဘင်္ဂါလီ အရေးကိစ္စနှင့် ဆက်စပ်ပြီး အိုင် အက်စ်အပြင် အခြားသော အစ္စ လာမ်မစ် အကြမ်းဖက်အဖွဲ့များ ၏ ရန်လိုမှုကိုပါ မြန်မာနိုင်ငံအ နေဖြင့် တွေ့ကြုံလာနိုင်ကြောင်း လည်း သတိပေးခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်တာအတွင်း အရှေ့အလယ်ပိုင်း ဒေသတွင် အိုင်အက်စ်တို့ အင်အားကောင်းလာပြီးနောက် အရှေ့တောင်အာရှနိုင်ငံအချို့မှ ဂျီဟတ်အစွန်းရောက် ဝါဒီများသည် ဆီးရီးယားနှင့် အီရတ်တို့သို့ သွားရောက်ကာ အိုင်အက်စ်နှင့် ပူးပေါင်းခဲ့သည်။

၎င်းတို့သည် စစ်သွေးကြွ များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင် ပြီးနောက် နေရပ်သို့ ပြန်လာရာ၌ ဒေသအလိုက် အိုင်အက်စ် ကွန် ရက်များကို တည်ထောင်ရန် ကြိုး ပမ်းလာသည်။ ၂၀၁၆ အတွင်း မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် အိုင်အက်စ်နှင့် ဆက်စပ်သည့် အ ကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး အ ချို့ကိုလည်း လက်တွေ့မကျူး လွန်မီ အာဏာပိုင်များက ကြိုတင် ဖော်ထုတ်တားဆီးနိုင်မှုများ ရှိခဲ့ သည်။ ‘‘အိုင်အက်စ်တင်မကဘဲ တ ခြား မွတ်စလင် အဖွဲ့အစည်းတွေ ကပါ မြန်မာနိုင်ငံထဲ ဝင်ရောက် ဖို့ နည်းလမ်းရှာ ကြိုးစားလာမယ့် အခြေအနေ အတော်များတယ်။ သူတို့ရဲ့ မွတ်စလင် ညီအစ်ကို တွေကို ကူညီဖို့ အတွက်ပေါ့’’ ဟု အေယော့ဘ်ခန်းက ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံတွင် အကြမ်း ဖက် လှုပ်ရှားရန် စီစဉ်ထား ကြောင်း စွပ်စွဲခံရသူသည် အင်ဒိုနီး ရှားနိုင်ငံ ဆူလာဝေဆီ ကျွန်းပေါ် သို့ လက်နက်များ မှောင်ခိုတင် ပို့ရန် ကြိုးစား၍ အဖမ်းခံရသူ ခုနစ် ဦးနှင့် ပတ်သက်နေကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။

ထိုသူသည် မလေးရှားတွင် စိုက်ခင်းလုပ်သား တစ်ဦးအဖြစ် ၂၀၁၄ ကတည်းက အလုပ်လုပ် ခဲ့ကြောင်း သိရသည်။ ၎င်းအနေ ဖြင့် မြန်မာနိုင်ငံထဲ ဝင်ရောက်ရန် ပြည်တွင်းရှိ မည်သည့် အဖွဲ့အ စည်းနှင့် ချိတ်ဆက်ခဲ့သည်ဆိုခြင်း ကိုမူ အေယော့ဘ်ခန်းက ထုတ် ဖော်ပြောဆိုခြင်း မရှိပေ။ သို့သော် ပြီးခဲ့သည့်နှစ် ဇွန် လအတွင်းက အရက်ဘား တစ်ခု ထဲ လက်ပစ်ဗုံး ပစ်ထည့်ပြီး အ ကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အိုင် အက်စ် လိုလားသူ မူဟာမက်ဝမ်ဒီ မူဟာမက် ဂျီဒီနှင့် တိုက်ရိုက် ပတ် သက်မှုရှိကြောင်း အေယော့ဘ် ခန်းက ပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ရဲ့ စစ်ဆေး မေးမြန်းမှုအရ သံသယ တရားခံ ဟာ မူဟာမက်နဲ့ ဆီးရီးယားမှာ အဆက်အသွယ် ရလာတယ်လို့ ဝန်ခံထွက်ဆိုပါတယ်။ အဲဒီမှာ ကတည်းက မြန်မာအစိုးရကို ဆန့်ကျင်တဲ့ ဂျီဟတ်လှုပ်ရှားမှု တစ်ခု လုပ်ဆောင်ဖို့ သူတို့ချင်း ဆွေးနွေးခဲ့ကြပါတယ်’’ ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဘင်္ဂါလီအကြမ်းဖက် သမားများ က ရခိုင်ရှိ ရဲစခန်းများကို စီးနင်း တိုက်ခိုက်ခဲ့ခြင်းကို တပ်မတော် က တုံ့ပြန်ကိုင်တွယ်ကာ စစ် ဆင်ရေးများ ဆင်နွှဲခဲ့ပြီးနောက် ဘင်္ဂါလီများကို မြန်မာအစိုးရက ဖိနှိပ်လျက်ရှိကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာသည်။ ထို့အတူ အိုင်အက်စ်က ဘင်္ဂါလီအရေးကို အသုံးချကာ အရှေ့ တောင်အာရှ တွင် ၎င်းတို့၏ အကြမ်းဖက်ကွန် ရက်ကို ဖြန့်ကြက်လာနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိခဲ့သည်။ မြန်မာအစိုးရ ပြောရေးဆို ခွင့်ရအရာရှိ ဦးဇော်ဌေးက ရခိုင် ပြည်နယ်တွင် အောက်တိုဘာက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု များမှာ အိုင်အက်စ်အဖွဲ့နှင့် ဆက် စပ်သည့် အထောက်အထား မ တွေ့ရဟု Reuters သို့ မှတ်ချက် ပေးခဲ့သည်။ မလေးရှားရှိ အစွန်းရောက် ဝါဒ တန်ပြန်တိုက်ဖျက်ရေး သုတေ သီတစ်ဦးဖြစ်သည့် ဘက်ဒ်ရူလ် ဟီရှမ် အစ္စမေးလ်ကမူ မလေးရှား တွင် အခြေစိုက်လှုပ်ရှားနေသည့် အကြမ်းဖက် ကွန်ရက် အချို့ သည် ရခိုင်မှ ဘင်္ဂါလီများကို လူသူ စုရုံးကာ အင်ဒိုနီးရှားပိုင် ဆူလာ ဝေဆီကျွန်းရှိ ပိုဆိုသို့ စေလွှတ်ပြီး စစ်သင်တန်းများ ပို့ချနေကြောင်း၊ တစ်ချိန်တွင် ၎င်းတို့ကို မြန်မာ နိုင်ငံသို့ ပြန်လွှတ်ကာ အကြမ်း ဖက် တိုက်ခိုက်မှုများ ပြုလုပ်စေ ရန် ပြင်ဆင်နေကြောင်း သတိ ပေးခဲ့သည်။

‘‘ကျွန်တော်တို့ ဖော်ထုတ် တွေ့ရှိထားတာကတော့ မလေး ရှားက အိုင်အက်စ် လူသစ်စု ဆောင်းရေး အေးဂျင့်တွေဟာ မလေးရှားကို ရောက်နေတဲ့ ဘင်္ဂါ လီတွေကို သိမ်းသွင်းတယ်။ ပိုဆို မှာ စစ်သင်တန်းပေးတယ်။ ဘယ် အချိန်မှာ သူတို့ကို မြန်မာနိုင်ငံ ဘက် ပြန်လွှတ်ပြီး တိုက်ခိုက် တာမျိုးတွေ လုပ်ခိုင်းမလဲဆိုတာ တော့ မပြောတတ်ဘူး။ ဒါပေမဲ့ အ သေအချာ ပြောနိုင်တာက မလေး ရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံ တွေက အကြမ်းဖက်ကွန်ရက် တွေ နဲ့ ဘင်္ဂါလီတွေ ချိတ်မိထားပြီးပြီ ဆိုတာပါပဲ’’ ဟု ၎င်းက သုံးသပ် ပြောကြားသည်။ 

—Ref: Reuters

Credit : 7day daily

ဓာတ်ပုံ.   သရုပ်ဖော်မှုမျှသာ

 


05 Jan 2017     1,271 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS