BEC-TERO TV

လှည်းယဉ်ဖြင့်ဘွဲ့တက်ရောက်ယူခွင့်ကြိုတင်ခွင့်တောင်းခဲ့

05 Jan 2017     1,429 Views


မုံရွာတက္ကသိုလ်၁၇ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကိုလှည်းယဉ်ဖြင့်တက်ရောက်ယူခွင့်ပြုရန် ကြိုတင်ခွင့်ပြုချက် တောင်းခံခဲ့သည်ဟု မုံရွာတက္ကသိုလ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုက္ခဗေဒဘာသာရပ်ဖြင့်ဘွဲ့ရခဲ့သည့်ကျောင်းသူတစ်ဦးမှခွင့် တောင်းခဲ့ခြင်းဖြစ်ပြီး မုံရွာတက္ကသိုလ်မှလည်းခွင့်ပြုခဲ့သည် ယနေ့ဇန်နဝါရီ၅ရက်နေ့တွင်ကျင်းပခဲ့သည့် အစမ်းလေ့ကျင့် မှုတွင်လည်းယင်းကျောင်းသူမှလှည်းယဉ်ဖြင့်တက် ရောက်ခဲ့သည်။

မိဘများမှာ လှည်းယာဉ်ဌားရမ်းသည့်လုပ်ငန်းလုပ်ကိုင်သူ များဖြစ်ပြီး ကိုယ်ပိုင်လှည်းယဉ်ဖြင့် ဘွဲ့အခမ်းအနားကို တက်ရောက်ခြင်းဖြစ်သည်။ ယခုကဲ့သို့လှည်းယဉ်ဖြင့်ဘွဲ့ယူမှုမှာမုံရွာတက္ကသိုလ်သမိုင်းတစ်လျှောက်တွင်လည်းပထမဆုံးဖြစ်ခဲ့သည်။

Photo:   Htet Ko Ko Aung

Credit : ဖေ့စ်ဘွတ်ခ် သတင်းပေါင်းစုံ


05 Jan 2017     1,429 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS