BEC-TERO TV

အလေးချိန်ပေါင် ၂၀၀ ကျော်လို့ ခင်ပွန်းသည်က နောက်ကွယ်မှာ ဖောက်ပြန်ပြီး ဘွတ်အဲမလို့ ခေါ်ခံရတဲ့အပေါ် အနိုင်ယူခဲ့သူ

05 Jan 2017     1,332 Views


အိမ်ထောင်သက် ၁၄ နှစ်ကြာမှ သစ္စာမရှိတဲ့ ခင်ပွန်းသည်ရဲ့  ဖောက်ပြန်မှုကို သိလိုက်ရရုံမျှမက နောက်ကွယ်မှာ ဘွတ်အဲမလို့ နွားနဲ့ခိုင်းနှိုင်းပြီး နံမည်ပြောင်ပေးထားတာကို သိလိုက်ရတဲ့အခါမှာတော့..။
 
 
ဘတ်ဆီအရာလာ ဆိုသူအမျိုးသမီးဟာ အမြဲတမ်း ကိုယ်အလေးချိန် ပေါင် ၂၀၀ အောက်ကျတယ်ဆိုတာမရှိပါဘူး၊ သူ့ရဲ့ ပုံမှန် ကိုယ်အလေးချိန်က ပေါင် ၂၁၀ (၉၅ ကီလို) ဖြစ်ပြီး သူမကိုယ်ဝန်ဆောင်စဉ် ၂၀၁၃ ခုနှစ်ကဆိုရင် ၂၆၂ ပေါင်(၁၁၈ ကီလို)ထိ ရောက်သွားခဲ့သူပါ။
 
 
သူမ ခင်ပွန်းသည်ရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုကို သိသွားတဲ့အခါမှာတော့ သူမဟာ ဝမ်းနည်းပက်လက်နဲ့ ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။ ဒီထက်ပိုဆိုးတာကတော့ သူ့ခင်ပွန်းနဲ့ ဖောက်ပြန်နေသူ အမျိုးသမီးတို့ အပြန်အလှန်ပေးပို့ထားတဲ့ မက်ဆေ့တွေမှာ သူမကို ဘွတ်အဲမ(fat cow) လို့ ခေါ်ဝေါ်သုံးနှုန်းထားတဲ့အတွက် ပိုပြီး စိတ်ထိခိုက်ခဲ့ရပါတယ်။
 
အဲ့သည်အချိန်ကစလို့ ပူဆွေးသောကနဲ့ စိတ်ဓါတ်ကျနေမယ့်အစား သူမရဲ့ဘဝကို ပြောင်းလဲပစ်လိုက်ဖို့ အကောင်းဘက်ကနေတွေးပြီး စတင်အကောင်အထည်ဖော်ပါတော့တယ်။ ကျန်းမာတဲ့ ဘဝနေနည်းပုံစံတွေအတိုင်း လိုက်နာပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်တယ်၊ သကြားပါတဲ့ အစားအသောက်တွေ ရှောင်လိုက်ပြီး အဟာရဖြစ်စေမယ့် အစာတွေနဲ့ အစားထိုးလိုက်တယ်။ သစ္စာမရှိတဲ့ သူမရဲ့ ခင်ပွန်းနဲ့လည်း ကွာရှင်းပစ်လိုက်တယ်။
 
 
ဒီလိုလုပ်ရတာ တစ်ကယ်တော့ လွယ်တယ် မထင်လိုက်ပါနဲ့ ဘတ်ဆီတစ်ယောက် လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း ငိုခဲ့ရပါတယ် ဒါပေမယ့် သူမရဲ့ သမီးလေးအတွက် သူမ စိတ်ဓါတ်ကြံ့ခိုင်အောင် ကြိုးစားရပါတယ်။ 
 
 
အားကစားရုံကို တစ်ပတ် ၆ ရက်သွားကစားပြီးတဲ့နောက်မှာ သူမရဲ့ လက်ရှိ ကိုယ်အလေးချိန်ဟာ ၁၅၈ ပေါင် (၇၁ ကီလို) သာ ရှိတော့ပြီး ကျစ်လစ်သွယ်လျ လှပတဲ့ ခန္တာကိုယ်အချိုးအစားနဲ့ ကလေးတစ်ယောက်အမေလို့ မထင်ရလောက်အောင် မြင်သူတစ်ကာ ငေးရတဲ့ အခြေနေမျိုးကို ပိုင်ဆိုင်ခဲ့ပါပြီ။ ဒါဟာ အဆိုးတွေထဲကနေ သင်ခန်းစာယူပြီး ဘဝအတွက် အကောင်းဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။
 

05 Jan 2017     1,332 Views




RELATED

Most Popular of Special or Others

Most Popular of Life Style