BEC-TERO TV

သခွားသီးစားပေးခြင်းက အမျိုးသားများရဲ့ အိမ်ထောင်ရေးသုခကို ပိုမိုပေးစွမ်းနိုင်

05 Jan 2017     1,734 Views


အမျိုးသားများ အိမ်ထောင်ရေးသုခကို ပြည့်ပြည့်၀၀ခံစားနိုင်ရန် သခွားသီး က များစွာ အထောက် အကူပြုနိုင်ကြောင်း အမေရိကန်သုတေသီများက ပြောသည် ။ အမျိုးသားတွေ ပန်းသေပန်းညိုးတာ၊ ဆီးပူညောင်းကျဖြစ်တာတွေအတွက် သခွားသီးဟာ အစွမ်းထက်လှတဲ့ သဘာ ၀ ရဲ့ ဆေးကောင်းတစ်လက်ဖြစ်ပါတယ် ။ သခွားသီးမှာပါဝင်တဲ့ ဓါတ်သတ္တိတွေက အမျိုးသား အင်္ဂါကို သွေးစီးဝင်မှု နှုန်း မြင့်တက်စေပါတယ် ။ အကျိုးဆက်အားဖြင့် ပန်းသေပန်းညိုးတာကို ကုသပေး နိုင်သလို ဆီးပူညောင်းကျတာကို လည်း သက်သာပျောက်ကင်းစေနိုင်တဲ့အတွက် အိမ်ထောင်ရှင်များ အနေနဲ့သခွားသီးကို လုံလောက်စွာ စားပေးသင့် ပါတယ် ဟု သုတေသီတစ်ဦးက ပြောသည် ။
 

ကမ္ဘာတစ်ဝန်း အသက် ၄၀ မှ ၇၀ အရွယ် အမျိုးသား ထက်ဝက်ခန့်တွင် ပန်းသေပန်းညိုးခြင်းနှင့် ဆီးပူညောင်းကျ ခြင်းတို့ ဖြစ်ပွားလေ့ရှိကြောင်း ၊ ထိုသို့ဖြစ်ရသော အကြောင်းရင်း အကြောင်းခံ အမျိုးမျိုးရှိနိုင်ရာဝယ် သွေးကြောများ ကျဉ်းလာခြင်း ၊ ဆီးချိုဖြစ်ပွားခြင်း ၊ ကိုလက်စထရောမြင့်မားခြင်း ၊ သွေးတိုးခြင်း တို့သည်လည်း အဓိကလက်သည် များ ဖြစ်ကြောင်း ၊ ပန်းသေပန်းညိုးရောဂါကိုကုသရန် နည်းလမ်းအမြောက်အများရှိရာဝယ် နေထိုင်စားသောက်မှုပုံစံ ပြောင်းပေးခြင်း ၊ ကိုယ်အလေး ချိန်လျှော့ချခြင်း ၊ statin ဟိုမုန်းများကို စားပေးခြင်းအပြင် လိုအပ်လျင် Viagra ဟိုမုန်း ကိုလည်း သောက် သုံးပေး ရခြင်းဖြစ်ကြောင်း သိရသည် ။ Statin တို့ Viagra တို့ဆိုတာ လူတိုင်းနဲ့မတည့်ပါဘူး ။ အထူးသဖြင့် သွေးတိုးသူတွေ၊ သွေးကြောကျဉ်းသူတွေ အတွက် အသက်အန္တရာယ်တောင်ရှိပါတယ် ။ သူတို့ဆိုရင် သခွားသီးကိုပုံမှန်စားပေးနေရုံနဲ့ ထူးခြားတဲ့ရလာဒ်တွေ ကို ရရှိနိုင်မှာ ဖြစ်ပါတယ် ။

သခွားသီးဟာ သွေးပေါင်ကျသူများ ၊ ပင်ပန်းနွမ်းနယ်သူများ ၊ စိတ်ဖိစီးမှုခံစားရသူများ အတွက်လည်း သင့်လျော်တဲ့ဓါတ်စာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည် ။ သခွားသီးတွင် Citrulline ဓါတ် ပါဝင်ကြောင်း၊ Citrulline သည် ပန်းသေပန်းညိုးရောဂါအတွက် လိုအပ်သော ဓါတ် ဖြစ်ကြောင်း ၊ ခန္ဓာကိုယ်ထဲတွင် အမိုင်နိုအက်ဆစ်နောက်တစ်မျိုးဖြစ်သော arginine ဖြစ်သွားကြောင်း ၊ ထိုမှတစ်ဆင့် nitric oxide ထွက်လာကြောင်း၊ nitric oxide သည် သွေးကြောများမာကြောခြင်းကို သက်သာစေပြီး သွေးစီးဆင်းမှု ကို အားကောင်းစေကြောင်း ၊ လိင်အင်္ဂါများသို့လည်း သွေးစီးဆင်းမှုအားကိုကောင်းစေသည့်အတွက် ပန်းသေပန်း ညိုးခြင်းကို ကုစားပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည် ။
 
Credit : health.thithtoolwin

05 Jan 2017     1,734 Views




RELATED

Most Popular of Special or Others

Most Popular of Life Style