BEC-TERO TV

ဘူးသီးတောင်မြို့နယ်အတွင်း လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်ရေးသင်တန်း တက်ရောက်ပြီးသူ ၂ ဦး ထပ်မံဖမ်းဆီးရမိ

06 Jan 2017     1,221 Views


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်ကြီးတောင်ကျေးရွာ၌ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်ရေး သင်တန်းပို့ချသူနှင့် သင်တန်းတက်ရောက်ပြီးသူများ ဇန်နဝါရီ ၄ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ကြော မေးမြန်းချက်များအရ မောင်ကြီးတောင်ကျေးရွာအုပ်စု၊ မြစ်နားကျေးရွာ၌လည်း လက်နက်ကိုင်အကြမ်းဖက် သင်တန်းတက်ရောက်ပြီးသူများ ခိုအောင်းနေကြောင်း ဖော်ထုတ်သိရှိရသဖြင့် တပ်မတော်စစ်ကြောင်းက မြစ်နားကျေးရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်အား သွားရောက်ရှင်းလင်းစဉ် ယနေ့ညနေ ၅ နာရီခန့်တွင် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်ရေးသင်တန်းတက်ရောက်ပြီးသူ မြစ်နားကျေးရွာနေ အီဘရာဟိန်း (ဘ)အီဒီရက်စ်နှင့် မာမတ်ရှား (ဘ)အီဘရာဟိန်းတို့ ၂ ဦးအား ထပ်မံဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည်။
 
ဖမ်းဆီးရမိသူများအား ဘူးသီးတောင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ စနစ်တကျလွှဲပြောင်းအပ်နှံ၍ ဆက်စပ်သတင်းများ ထပ်မံရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။
 
Source:တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

06 Jan 2017     1,221 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS