BEC-TERO TV

မလေးမှာ အလုပ်ဆင်းပြန်လာတဲ့ မြန်မာလုပ်သား ၁၆ ဦး ဓားဖြင့် ခုတ်ခံရ

06 Jan 2017     1,667 Views


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆာဒန်းမြို့တွင် အချိန်ပို အလုပ်ဆင်းရာမှ ပြန်လာသော မြန်မာလုပ်သား ၁၆ဦးကို မလေးရှားနိုင်ငံသားဟုယူဆရသူ လေးဦးက ဓားဖြင့် ခုတ်ရာ မြန်မာလုပ်သားလေးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။
 
ဇန်နဝါရီ ၅ရက် ည ၁၀နာရီအချိန်တွင် လျှပ်စစ်ပစ္စည်းပုံးအခွံများ ထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား၁၆ ဦးသည် စက်ရုံမှ နေအိမ်သို့ ပြန်လာချိန်တွင် ကားတစ်စီးပေါမှ လူလေးဦးဆင်းလာပြီး ဓားများဖြင့် ခုတ်သွားခြင်း ဖြစ်ကြောင်း ကပ်ပုန် (၇)ရက် နာရေးကူညီမှုအသင်းဥက္ကဌဦးဆန်းဝင်းက ပြောသည်။
 
 
ဖြစ်စဉ်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ မေးမြန်းရာ ဖြစ်စဉ်မှန်ကန်ပြီး အသေးစိတ် စုံးစမ်းနေကြောင်း ပြောကြားသည်။ ဒဏ်ရာပြင်းထန်စွာရရှိသော သူများကို ဆာဒန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဦးဆန်းဝင်းက ပြောသည်။
 
သတင်း-ငြိမ်းချမ်း
ဓာတ်ပုံ - ဆန်းဝင်း

06 Jan 2017     1,667 Views




RELATED

Most Popular of International News

Most Popular of NEWS