အချစ်ကြောင့် ဘဝကိုအရှုံးပေးခဲ့သော ထိုင်းနိုင်ငံရောက် ကရင်အမျိုးသမီးလေးတစ်ဦး
06 Jan 2017 2,346 Views

လှိုင်းဘွဲ့မြို့နယ် ဝင်းဖရ၊ ကလဲထော်ရွာမှ ကရင်အမျိုးသမီးဖြစ်သူ မနန်းဌေးဌေးဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကိုယ်ရေးကိုယ်တာ အချစ်ရေးကိစ္စဖြင့် နေအိမ်တွင် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း လူမှုကွန်ယက်အွန်လိုင်း မီဒီယာပေါ်မှ သတင်းရရှိသည်။











.jpg)
မနန်းဌေးဌေးဦးသည် ဘန်ကောက်အခြေစိုက် ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) မှ ဖွင့်လှစ်သည့် ကွန်ပြူတာနှင့် အင်္ဂလိပ်စာသင်တန်းများသို့ တက်ရောက်ခဲ့သည့် ကျောင်းသူဟောင်းဖြစ်ပြီး ကရင်အမျိုးသားစာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအတွက် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည့် မျိုးချစ်ကရင့်သမီးပျိုတဦးလည်းဖြစ်ကြောင်း သိရှိရသည်။
Source:ကရင်အမျိုးသားမီဒီယာ
Photo:(OKRSO) ဘန်ကောက်။








