BEC-TERO TV

တစ်ဦးက ၂၀၁၆ မွေး၊ နောက်တစ်ဦးက ၂၀၁၇ မှာမွေးတဲ့ အမြွှာကလေး နှစ်ဦး

06 Jan 2017     1,601 Views


အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် စင်တီယေဂိုမြို့က အမြွှာကလေး နှစ်ယောက်ဟာ တစ်နှစ်ခြားပြီး မွေးလာတာ ဖြစ်ပါတယ်။ကလေးနှစ်ဦးဟာ မိနစ် အနည်းငယ်သာ ခြားပြီး မွေးခဲ့ပေမယ့် တစ်ယောက်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ မထိုးခင်မှာ မွေးခဲ့ပြီး နောက်တစ်ဦးက ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့ အစပြုတဲ့ ၁၂ နာရီ အကျော်လေးမှာ မွေးခဲ့တာ ဖြစ်ပါတယ်။၁၁ နာရီ ၅၆ မိနစ်မှာ တစ်ဦး၊ နောက်တစ်ဦးက ၁၂ နာရီ ကျော်ကျော်လေးမှာ မွေးခဲ့တာပါ။ တစ်နှစ်ခြားပြီး မွေးကြတဲ့ အဲဒီအမြွှာတွေ သတင်းကို ဒေသဆိုင်ရာ သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် စင်တီယေဂိုမြို့ သားဖွားနဲ့ မီးယပ်ဆေးရုံမှာ မွေးခဲ့တဲ့ ဒီကလေးတွေဟာ မိန်းကလေး နှစ်ဦး ဖြစ်ကြပါသတဲ့။ကလေးတွေရဲ့ မိသားစုကို ဆက်သွယ်လို့ မရသေးလို့ သူတို့ရဲ့ အမြင်တွေ၊ ခံစားချက်တွေကိုတော့ မီဒီယာတွေပေါ်မှာ ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။ပြီးခဲ့တဲ့နှစ်ကလည်း အမြွှာမိန်းကလေး တစ်ယောက်နဲ့ ယောက်ျားလေး တစ်ယောက်တို့ဟာ ဆန်ဒီယေဂိုမြို့မှာပဲ နှစ်သစ်ကူးချိန် ဟိုဘက်နှစ် ဒီဘက်နှစ်ခြားပြီး မွေးခဲ့တာ ဖြစ်ပါတယ်။

Credit : thevoicemyanmar


06 Jan 2017     1,601 Views




RELATED

Most Popular of International News

Most Popular of NEWS