ကူးတို့သင်္ဘောပေါ်မှ ကားတစ်စင်း သမုဒ္ဒရာထဲသို့ ပြုတ်ကျ
06 Jan 2017 1,741 Views
သြစတြေးလျနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားများ အပန်းဖြေသွားလေ့ရှိသော ဖရာကျွန်းသို့ ပို့ဆောင်ပေးသည့် ကူးတို့သင်္ဘောပေါ်တွင် တင်ဆောင်လာသော SUV အမျိုးအစား ဂျစ်ကားတစ်စီးမှာ ခရီးသည်များရှေ့မှောက်တွင် သမုဒ္ဒရာထဲသို့ လျောကျသွားခဲ့သည်ကို မြင်လိုက်ရသော်လည်း မည်သူမျှ မတားဆီးနိုင်ခဲ့ပါ။


ဟန်းဘရိတ်ဆွဲထားသော်လည်း ဂီယာမထည့်ထားသည့်အတွက် ကားမှာ သုမုဒ္ဒရာထဲသို့ ပြုတ်ကျကျန်ခဲ့ကြောင်း၊ အဆိုပါကားပေါ်တွင် လူများမပါသွားသော်လည်း နိုင်ငံကူးလက်မှတ်၊ ဘဏ်ကာဒ်နှင့် ဖုန်းများပါသွားခဲ့ကြောင်း Chloe Swift ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုနှင့်တစ်ကွ ရေးသားဖော်ပြခဲ့သည်။








