BEC-TERO TV

ပြင်သစ်မှာ ဗီတာမင်ဒီ ဖြည့်စွက်ဆေးတွေ ရပ်ဆိုင်းဖို့ပြင်

06 Jan 2017     1,559 Views


ဗီတာမင်ဒီ ဆေး တစ်မျိုးသောက်ပြီး ဒီဇင်ဘာလက အသက် ၁၀ ရက်အရွယ်က လေးငယ်တစ်ဦးသေဆုံးခဲ့တဲ့ နောက် ပြင်သစ်မှာ အဆိုပါဖြည့်စွက်ဆေးတွေ ရောင်းချမှုကို ရပ်ဆိုင်းဖို့လုပ်နေပြီလို့ ကျန်းမာရေး အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ သည်ဆုံးဖြတ်ချက်ကို ဆေးဝါးတွေနဲ့ ကျန်းမာရေးသုံးပစ္စည်းတွေ ဘေးကင်းလုံခြုံရေးကို ကြီးကြပ်နေတဲ့ ပြင်သစ်က ANSM အေဂျင်စီက ကြိုတင်သတိပေးချက်တစ်ရပ်အနေနဲ့ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး မာရီဆိုတော်ရိန်းက ပြောကြားခဲ့ပါတယ်။

ဗီတာမင်ဒီ အားနည်းတဲ့ ကလေးငယ်တွေကို တိုက်ကျွေးနိုင်တဲ့ ဆေးအဖြစ်ဖော်ပြထားတဲ့ Uvesterol D ဆေးတိုက်ကျွေးပြီး တဲ့နောက် ဒီဇင်ဘာ ၂၁ ရက်က မွေးကင်းစ ၁၀ ရက်သား ကလေးငယ်တစ်ဦး သေဆုံးခဲ့တာဖြစ်ပါ တယ်။ လမစေ့ဘဲ မွေးတဲ့ ကလေးငယ်တွေနဲ့ တစ်လအောက် ကလေးငယ်တွေမှာ ဖျားနာမှုတွေ ဖြစ်ပြီးနောက်မှာ သည်ဖြည့်စွက် ဆေးတိုက်ကျွေးမှုနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေကို ANSM က အစောပိုင်းကတည်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Credit : kumudranews


06 Jan 2017     1,559 Views




RELATED

Most Popular of International News

Most Popular of NEWS