BEC-TERO TV

ကြံ့ခိုင်မှုကိုပြသခဲ့တဲ့ ပူတင်၏ရုရှစစ်သားများ

06 Jan 2017     1,245 Views


ဖိလစ်ပိုင်မှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ ရုရှရေတပ်အဖွဲ့ဝင်တွေဟာ ၎င်းတို့ရဲ့ စစ်ရေးစွမ်းရည်နဲ့ အကြမ်းပတမ်းခံနိုင်မှု စွမ်းရည်တွေကို Manila’s Rizal Park ပန်းခြံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြသခဲ့ပါတယ်။ ၎င်းစစ်ရေးလေ့ကျင့်မှုကို Goodwill Visit လို့ အမည်ပေးထားပြီး စစ်သားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ခံနိုင်ရည်တွေဟာ ကြောက်ခမန်းလိလိပါဘဲ။ အဆိုပါ လေ့ကျင့်မှုတွေထဲမှာ မီးရှို့ထားသော တုတ်များဖြင့် ရိုက်နှက်ခြင်း၊ လူနှစ်ယောက်က စစ်သားတစ်ဦးကို အခြားနှစ် ဦးက ရှေ့နောက် မ,ထားလျှက်၊ ၎င်းရဲ့ ဗိုက်ပေါ်မှာ အုတ်ခဲတွေတင်ပြီး ထုနဲ့ ထုချေပြခြင်း၊ ဦးခေါင်းကို ပုလင်းများဖြင့် ရိုက်ခွဲပြခြင်း၊ ပုလင်းများကို လက်သီးနဲ့ထိုးခွဲပြခြင်း၊ လှံစွပ်တိုက်ခိုက်မှုများလည်း ပြသခဲ့ပါတယ်။

အဆိုပါ ရေတပ်ကွန်မန်ဒိုအဖွဲ့ဝင်တွေဟာ Admiral Tributs စစ်သင်္ဘောနဲ့အတူ ပစိဖိတ်သမုဒ္ဒရာထဲမှာ ကင်းလှည့်နေကြသူများ ဖြစ်ပြီး၊ တောင်တရုတ်ပင်လယ်အစပ်မှာ လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယခုလှုပ်ရှားမှုကို ကြည့် ပြီး ရုရှဟာ အမေရိကန်ကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်လာတဲ့ ဒူတာတေးရဲ့လုပ်ရပ်ကို တစ်နည်းတစ်ဖုံထောက်ခံခြင်းလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ရုရှစစ်သားတွေဟာ ဒေသခံ ဖိလစ်ပိုင်တွေနဲ့လည်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပြီး၊ ၎င်းတို့ထဲမှာ စစ်သားတစ်ယောက်ကတော့ လက်သီးထိုးလေ့ကျင့်ရင် သွေးထွက်သွားတဲ့လက်ကို မြှောက်ပြရင်း ဂုဏ်ယူဝင့်ကြွားစွာ ဓာတ်ပုံရိုက်ခံခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ အဆိုပါစစ်ရေးပြပွဲကို သွားရောက်ကြည့်ရှုခဲ့တဲ့ ကျောင်းသား Antonio Chua က ” တကယ့်ကို အံ့မခန်းဖွယ် စွမ်းဆောင်မှုတွေပါဘဲ … စတန့်တွေကလည်း အတော်လေးကို အံ့သြစရာကောင်းပါတယ် “လို့ ပြောခဲ့ပါတယ်။

Credit : shwemom


06 Jan 2017     1,245 Views




RELATED

Most Popular of International News

Most Popular of NEWS