ရန်ကုန်မြို့အတွင်း အသစ်ပြေးဆွဲမည့် YBS ယဉ်လိုင်း(၅၈)လိုင်း၏ ပြေးဆွဲမည့်လမ်းကြောင်းများ
07 Jan 2017 18,428 Views

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်မှစတင်ကာ အသစ်ပြေးဆွဲမည့် မော်တော်ယာဉ်လိုင်းများ၏ နံပါတ်များမှာ ယာဉ်လိုင်း အမှတ်(၁) မှ အမှတ်(၅၈) ထိသာဖြစ်ပြီး ခရီးသွားပြည်သူများ မှတ်သားရန်လွယ်ကူသကဲ့သို့ ယာဉ်စီးခမှာလည်း ခရီးစဉ်အလိုက် (၁၀၀၊ ၂၀၀၊ ၃၀၀)ကျပ် သတ်မှတ်ထားပြီး ည(၁၀)နာရီထိ ပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရှိရသည်။
အသစ်ပြေးဆွဲမည့် ယာဉ်လိုင်းများကို အများပိုင်ကုမ္ပဏီ (၈)ခုနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှယ်ယာအများဆုံး ထည့်ဝင်ကာ ဦးဆောင်လုပ်ကိုင်မည် ဖြစ်သည့် အတွက် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်သကဲ့သို့ တစ်ဘက်ကလည်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာများ လျော့နည်းသွားအောင် စီစဉ်မည်ဖြစ်သည်။
အသစ်ပြေးဆွဲမည့် အဆင့်မြှင့်တင်ထားသော ယာဉ်လိုင်းများတွင် အစပိုင်းတွင် အမျိုးသား/အမျိုးသမီး ယာဉ်နောက်လိုက်များ ပါဝင်ဦးမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ယာဉ်စီးခကို ကာဒ်ဖြင့်ပေးနိုင်သော စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲသွားရန် စီစဉ်ထားကြောင်း ရန်ကုန်းတိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။
ဇန်နဝါရီလ ၁၆ ရက်နေ့တွင် စတင်ပြေဆွဲမည့် Yangon Bus Service(YBC) ယာဉ်လိုင်းများ၏ နံပါတ်အလိုက် ပြေးဆွဲမည့် လမ်းကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

