ဒိုင်နာ၊ ဘီအမ်ကားနှင့် ၉၅မော်ဒယ်အောက် ဘတ်စ်ကားများ ဇန်နဝါရီ ၁၆ ရက်နေ့တွင် လုံးဝအနားယူပြီ
07 Jan 2017 2,421 Views

မ.ထ.သ ကိုအပြီးတိုင်ဖျက်သိမ်းပြီးနောက် လာမည့် ဇန်နဝါရီ ၁၆ ရက်နေ့မှစတင်ကာ ဒိုင်နာ၊ ဘီအမ်နှင့် ၉၅မော်ဒယ်အောက် စီးတီးဘတ်စ်များကို ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့်မပြု တော့ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဇန်နဝါရီ ၆ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဒိုင်နာ၊ ဘီအမ်နှင့် ၉၅မော်ဒယ်အောက် စီးတီးဘတ်စ်ပိုင်ရှင်များ နစ်နာမှုမရှိစေရန် ကားလာရောက်အပ်နှံပါက အိမ်စီးကားတင်သွင်းခွင့်ပါမစ် ထုတ်ပေးသွားမည်ဖြစ်သည်။ ဇန်နဝါရီ ၁၆ ရက်နေ့မှစတင်မည့် သယ်ယူပို့ဆောင်ရေး အစီစဉ်သစ်တွင် သက်ဆိုင်ရာ ယာဉ်လမ်းကြောင်းများ၌ လက်ရှိပြေးဆွဲနေသော မော်တော်ယာဉ်များ စုပေါင်းပါဝင်မှုဖြင့် ပြေးဆွဲမည်ဖြစ်ပြီး လက်ရှိပြေးဆွဲခွင့် ရနေသော မော်တော်ယာဉ်များအနေနှင့် နောက်ထပ် သုံးလအကြာတွင် ယာဉ်အိုယာဉ်ဟောင်း စာရင်းဝင်သွားခဲ့ပါက ဘတ်စ်ကားအသစ်များ ဝယ်ယူပြီး အစားထိုးပြေးဆွဲကြရမည်ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တင် ခရီးသည်တင်ယာဉ်အဖြစ်မှ ရပ်နားခြင်းခံရမည့် ယာဉ်အစီးရေ ၂,၀၀၀ ကျော်ရှိနေကြောင်း မ.ထ.သ(ဗဟို) မှ သိရှိရသည်။
Ref:7Day







