BEC-TERO TV

ဗြိတိန်နိုင်ငံမှာ ပထမးဦးဆုံး ကိုယ်ဝန်ဆောင် အမျိုးသားအဖြစ် အသိမှတ်ပြုခံရသူ

09 Jan 2017     2,645 Views


ဟေဒန် ခရော့စ်ဆိုသူ အသက် ၂၀ အရွယ်လူငယ်ဟာ မိန်းကလေးအဖြစ် မွေးဖွားလာခဲ့သော်လည်း  အမျိုးသားတစ်ဦးအဖြစ် တရားဝင်အသိမှတ်ပြုခံထားရပြီး  ဟော်မုန်းပြုပြင်မှုများ ခံယူနေသူ တစ်ဦးဖြစ်သည်။ လိင်အင်္ဂါ အစိတ်အပိုင်းအားလုံး ယောက်ျားဘဝသို့ ပြောင်းလဲရန် စီစဉ်ထားသော်လည်း ကလေးရယာချင်သည့် စိတ်ကြောင့် ခွဲစိတ်ပြုပြင်မှုကို ရွှေ့ဆိုင်းထားခဲ့သည်။
 
 
အနာဂါတ်မှာ ဖခင်တစ်ဦးအဖြစ်ရပ်တည်မယ့် သူဟာ ဖေ့စ်ဘုတ်က မျိုးရည်လှူဒါန်းမယ့်သူကို ရှာဖွေခဲ့ပါတယ်။ အခုဆိုရင် သူဟာ ကိုယ်ဝန်လေးလ လွယ်ထားရပြီး ဗြိတိန်နိုင်ငံရဲ့ ပထမဦးဆုံး ကိုယ်ဝန်ဆောင် အမျိုးသားအဖြစ် ကြောညာခြင်းခံခဲ့ရပါတယ်။
 
ကလေးမွေးဖွားပြီးတာနဲ့ သူ့ရဲ့ ရင်သားနဲ့ သားအိမ်ကို ခွဲစိတ်ပြုပြင်ဖယ်ရှားတော့မှာဖြစ်ပါတယ်။ အဖေတစ်ယောက် ဖြစ်ချင်ပေမယ့် လောလောဆယ် ကိုယ်ဝန်လွယ်ထားရတဲ့အတွက် သူ့ခန္ဓာကိုယ်တွင်းက တုံ့ပြန်မှုတွေကြောင့် ကသိကအောက်ဖြစ်ရတယ်လို့ ဆိုပါတယ်။
သူ့ကလေးကြီးပြင်းလာတဲ့အခါ သူဟာ လိင်အင်္ဂါပြောင်းလဲထားသူ တစ်ဦးဖြစ်ကြောင်း အသိပေးဖို့ ရည်ရွယ်ထားကြောင်း ပြောပြခဲ့ပါတယ်။
 
 
၂၀၀၈ ခုနှစ်တုန်းကလည်း အမေရိကန်လူမျိုး သောမတ်စ်ဘိတီ ဆိုသူဟာ အမေရိကန်ရဲ့ ပထမဦးဆုံး ကိုယ်ဝန်ဆောင် အမျိုးသားအဖြစ် ကြေညာခံခဲ့ရပါတယ်။
 

09 Jan 2017     2,645 Views




RELATED

Most Popular of Special or Others

Most Popular of NEWS