BEC-TERO TV

အကာကွယ်မဲ့ လိင်ဆက်ဆံလို့ အသက် ၈၀ ကျော်မှ HIV ရောဂါပိုးကူးခံရ

10 Jan 2017     1,684 Views


တရုပ်နိုင်ငံမှ အသက် ၈၀ ကျော်အဖိုးအိုတစ်ဦးတွင် HIV ရောဂါပိုးတွေ့ရှိခဲ့ရပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ရာမှ ကူးစက်ခံရခြင်း ဖြစ်တယ်လို့ ဆရာဝန်များက ပြောဆိုခဲ့ပါတယ်။
 
အသက်အရွယ်ကြီးရင့်ပြီဖြစ်သော အဖိုးအိုဝူဟန်က အဖျားမပျောက်ပဲ တာရှည်နေရာမှ ဆေးစစ်ကြည့်ရာတွင် HIV ရောဂါကူးစက်ခံနေရကြောင်း သိရှိရခြင်းဖြစ်သည်။ ဇနီးသည်ဆုံးပါးသွားပြီးနောက်ပိုင်း မုဆိုးဖိုဖြစ်ခဲ့တဲ့ အဖိုးအိုဟာ သွေးသွင်းယူခဲ့ဖူးတဲ့ မှတ်တမ်းမရှိခဲ့ပါဘူး။ အကာကွယ်မဲ့လိင်ဆက်ဆံတာကြောင့်လို့ ဆရာဝန်တွေက ဆိုပါတယ်။ 
 
HIV ရောဂါပိုးဟာ အခုနောက်ပိုင်းမှာ အသက်ကြီးရင့်တဲ့ လူအိုပိုင်းတွေမှာ ပို၍အဖြစ်များလာတာ တွေ့ရှိရကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အငြိမ်းစားဖြစ်သွားတဲ့ တရုပ်အဖိုးအိုတွေဟာ ပိုကျန်းမာလာပြီး အလုပ်မရှိလို့ ပျင်းရိငြီးငွေ့လာတဲ့အတွက် လိင်ကိစ္စတွေမှာ ပိုပွင့်လင်းလာကြပါတယ်။
 
တရုပ်နိုင်ငံ ရောဂါထိန်းချုပ်ရေးစင်တာရဲ့ စစ်တမ်းအရ အသက် ၅၀ နဲ့အထက် လူကြီးပိုင်းမှာ HIV ကူးစက်ခံထားရနှုန်း ၇.၈ ရာခိုင်နှုန်းကနေ ယခုနှစ်မှာ ၁၄.၉ ရာခိုင်နှုန်းထိ မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။ အများစုမှာ အမျိုးသားများဖြစ်ကြပြီး လိင်ပိုင်ဆိုင်ရာ ရောယှက်မှုကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။
 
Source:StraisTimes 
 

10 Jan 2017     1,684 Views




RELATED

Most Popular of Health Fix

Most Popular of NEWS