BEC-TERO TV

ပေါက်ပေါက်ရှာရှာ ကင်းမြီးကောက်ထောင်ပြီး ကလေးနို့တိုက်သူ

11 Jan 2017     1,382 Views


အမေရိကန်နိုင်ငံကလို့ ယူဆရတဲ့ အမျိုးသမီးတဦးဟာ သူ့ရဲ့ တနှစ်အရွယ်သမီး ဖြစ်သူကို ကင်းမြီးကောက်ထောင် အနေအထားနဲ့ နို့တိုက်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။
 
ကိုယ်တိုင်ရိုက်ဓာတ်ပုံ ဆဲလ်ဖီ (Selfies) အစား ကလေးနို့တိုက်ချိန် ကိုယ်တိုင်ရိုက်ဓာတ်ပုံ ဘရဲလ်ဖီ (Brelfies) လို့ ခေါ်ရတော့မလိုဖြစ်နေတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ အငြင်းပွားစရာ ဖြစ်နေခဲ့တာပါ။ တချို့ကလည်း ဒါဟာ ယောဂကျင့်စဉ်ရဲ့ အစိတ်အပိုင်းတခုအဖြစ် သဘောတကျ မှတ်ချက်ပေးခဲ့ကြပြီး တချို့ကတော့ ဒါဟာ မိုက်ရူးရဲဆန်ဆန်နဲ့ စတန့်ထွင် လူသိများလိုတာမျိုး ဖြစ်တယ်လို့ ဝေဖန်နေကြတာပါ။ ကြာချိန် ၁၃ စက္ကန့်သာရှိတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မိုတာဂျုစ်အမည်နဲ့ တင်ခဲ့တာဖြစ်ပြီး ကလေးငယ်ရဲ့ နာမည်ကိုတော့ ဂျူလီအဲန်းလို့ ဖော်ပြခဲ့တာပါ။
 
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကလေးငယ် ဂျူလီအဲန်းဟာ ဦးခေါင်းဇောက်ထိုး အခြေအနေနဲ့ နို့တိုက်နေခဲ့တဲ့ မိခင်ဖြစ်သူနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့တာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဆစ်ဒ်နီမစ်ရှဲလ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ပြီး ကျန်တဲ့မိခင်တွေရဲ့ သဘောထား မှတ်ချက်တွေကို တောင်းခံခဲ့တာပါ။
 
အမျိုးသမီးများရှင်။ ရှင်တို့ ဘယ်လိုခံစားရပါသလဲ။ ကျမကတော့ မိခင်တဦးအနေနဲ့ နေထိုင်တတ်မှု အနုပညာတခုလို ခံစားရပါတယ်။ သူဟာ ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်းတခုခု လုပ်ချင်နေချိန်မှာ ကလေးငယ်ဟာလည်း နို့ဆာချိန် ဖြစ်နေတယ်လေ။ ခုလိုလုပ်တာက မမျှတဘူးလား” လို့ သူက ရေးခဲ့ပါတယ်။
 
ဒါပေမယ့် ရှောင်နေးလ်အမည်နဲ့ အသုံးပြုသူတဦးကတော့ ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး “ဒီ့အတွက် အချိန်နဲ့ နေရာ ရှိပါတယ်။ တကယ်လို့များ ဒီမိုက်မဲတဲ့ အမျိုးသမီး ကလေးအပေါ် လဲပြိုကျသွားခဲ့ရင် တန်ပြန်အကျိုးဆက်က သူ ဒါကိုလုပ်နေလို့ပဲလေ” လို့ မှတ်ချက်ရေးခဲ့ပါတယ်။
 
 

11 Jan 2017     1,382 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family