BEC-TERO TV

လိုင်းကားပေါ်မှာ အမျိုးသမီးတစ်ဦးကို အခွင့်ကောင်းယူ၍ လိင်ပိုင်းဆိုင်ရာ စော်ကားသူ

11 Jan 2017     29,397 Views


လိုင်းကားပေါ်မှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ ကာယကံရှင်အမျိုးသမီးက မသိလို့ပဲလား..? သိသော်လည်း အန္တရာယ်ပြုမှာစို့လို့ ညိမ်နေတာပဲလား..? သေချာမကွဲပြားတဲ့ အခြေအနေမှာ အမျိုးသားတစ်ဦးက ခရီးစဉ်တစ်လျှောက်လုံး အတင့်ရဲ့စွာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်ပါတယ်။
 
ဒီလိုအပြုအမူမျိုးဟာ တရားဥပဒေအရ အရေးယူခံရနိုင်တဲ့ အပြုအမူဆိုတာကို သိဖို့အတွက် ပညာပေးမှုတွေ အများကြီးလုပ်ဆောင်ရပါလိမ့်ဦးမယ်၊ ရှက်စိတ်တစ်ခုထဲနဲ့ ငြိမ်ခံနေလိုက်ရင် အဲဒီအရိပ်ဆိုးဟာ ကိုယ့်ဘဝတစ်လျှောက်လုံးကို ခြောက်လှန့်နေမှာဖြစ်လို့ စော်ကားခံရသူအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အခုလို ကိစ္စမျိုးကို တွေ့ရှိပါက ခရီးသွားပြည်သူအချင်းချင်း ရိုင်းပင်းကူညီမှုနဲ့ ဖော်ထုတ်အရေးယူကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
 
Video Credit:HotNews

11 Jan 2017     29,397 Views




RELATED

Most Popular of Special or Others

Most Popular of NEWS