BEC-TERO TV

ထရမ့်က ရန်မီးစမွှေးရင် တရုတ်က အမေရိကန်လုပ်ငန်းတွေကို ကျပ်မယ်လို့ ဆို

11 Jan 2017     1,252 Views


- အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကုန် ပစ္စည်းတွေကို စည်းကမ်းတင်းကျပ်ရင် တရုတ်က လက်စားချေဖို့ပြင်ထားပြီး ကမıာ့အကြီးဆုံးစီးပွားရေးနှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲတစ်ခု ဖြစ်ပေါ်စေမယ် လို့ သည်ကိစ္စနဲ့ နီးစပ်တဲ့လူတွေက ပြောပါ တယ်။ လုပ်နိုင်တဲ့အထဲမှာ လူသိများတဲ့ အမေရိကန်ကုမဏီတွေဒါမှမဟုတ် ကြီးမားတဲ့ကုမဏီလုပ်ငန်းကြီးတွေကို အခွန် ဒါမှမဟုတ် အပြိုင်အဆိုင်ထိန်းချုပ်မှုတွေကို လုပ်သလားဆိုတာ စစ်ဆေးမှာဖြစ် ကြောင်းအမည်မဖော်လိုသူတွေက ပြောပါတယ်။

- တခြားဖြစ်နိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေထဲမှာ ပြည်တွင်းမှာ မစွံတဲ့ပစ္စည်းတွေကို ပြည်ပကို လျှော့ဈေးနဲ့ ရောင်းသလားစစ်ဆေးတာ၊အမေရိကန်ကုန်ပစ္စည်းတွေကိုအစိုးရက လျှော့ထုတ်တာတွေပါဝင်ကြောင်း သူတို့က ဆိုပါတယ်။ သည်ဖြစ်ရပ်ဟာ နှစ်နိုင်ငံကြား တင်း မာမှုရဲ့ဆိုးကျိုးကုမဏီတွေဆီ ကူးစက်လာကြောင်း ထင်ဟပ်ပြနေပါတယ်။ ထရမ့်က တရုတ်ကို မကြာခဏတိုက်ခိုက်ဖူးပါတယ်။ တရုတ်က ထရမ့်ကို လက်စားချေတဲ့ လုပ်ရပ်မှန်သမျှဟာ အန္တရာယ်များနိုင်ပါတယ်။

- ဒါကြောင့် မလိုအပ်ဘဲ ဆိုးကျိုး ဖြစ်လာပြီး တရုတ်ကလည်း သူ့ရဲ့အကြီးဆုံးကုန်သွယ်ဖက်နဲ့ဆက်သွယ်ရာမှာထိခိုက်နိုင်ကြောင်း ဟောင်ကောင်မြို့ ရိုဘိုဘန့် အုပ်စုဘဏ္ဍာရေးဈေးကွက်သုတေသန ဥက္ကဋ္ဌ မိုက်ကယ်အယ်ဗရီက ပြောပါတယ်။ ‘ဘဏ္ဍာရေးလိုငွေအများကြီးပြနေတဲ့ နိုင်ငံတစ်ခုကို ဘဏ္ဍာရေးပိုငွေ ပြနေတဲ့ နိုင်ငံတစ်ခုကလက်စားချေရင် လိုငွေပြတဲ့ နိုင်ငံက အနိုင်ရမှာပဲ၊ အကြိမ်တိုင်း ပိုငွေပြတဲ့နိုင်ငံက ရှုံးနိမ့်မှာပါ”လို့ အယ်ဗရီက ပြောပါတယ်။ 

- တရုတ်ရဲ့ ဗဟိုအစိုးရဟာ ဌာနအသီးသီးရဲ့ အမြင်တွေကို ကောက်ယူပြီး နောက် လုပ်လို့ရတဲ့ တန်ပြန်စည်းမျဉ်းတွေကို စုစည်းခဲ့ကြောင်း လူတွေက ဆိုပါ တယ်။ တကယ်လို့ အမေရိကန်က စတင်အရေးယူပြီး တရုတ်ခေါင်းဆောင်တေ∑က အဲ သည်လုပ်ရပ်တွေကို ခွင့်ပြုမှ အရေးယူရေး လုပ်ငန်းတွေကို ပြုလုပ်မှာဖြစ်ကြောင်း သူတို့က ဆိုပါတယ်။

Credit : kumudranews


11 Jan 2017     1,252 Views




RELATED

Most Popular of International News

Most Popular of NEWS