BEC-TERO TV

ငါးလင်ပန်းမွေးမြူရန် အမေရိကန် ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံ

13 Jan 2017     2,246 Views


ဂျပန်နိုင်ငံသို့ တင်ပို့မည့် အသားတိုး ငါးလင်ပန်းများကိုတွံတေးဒေသတွင် မွေးမြူထုတ်လုပ်ရန် ဒိုင်အိချိကုမ္ပဏီနှင့် အဏ္ဏဝါဒေဝီ ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံ ငါးရှဥ့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြော ကြားသည်။ မြန်မာ့ငါးလင်ပန်းမျိုးစိတ် ကို ဂျပန်နည်းပညာဖြင့် သား ဖောက်မွေးမြူထုတ်လုပ်ပြီး ဂျပန် နိုင်ငံသို့ တင်ပို့နိုင်ရန် ၂၀၁၇ ဇန်န ဝါရီတွင် ဖက်စပ်လုပ်ငန်းတည် ထောင်ခြင်းဖြစ်သည်။

‘‘ဒိုင်အိချိ ကုမ္ပဏီက ၈၀ ရာခိုင်နှုန်းနဲ့ ကျွန်မက ၂၀ ရာခိုင် နှုန်းထည့်ပြီး ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ တစ်သန်းနဲ့ စလုပ် မယ်။ တွံတေးမြို့နယ် ရန်ကုန် ပေါက်မှာ နေရာ ရွေးပြီးပါပြီ။ ဂျပန်တွေက ဒီမှာမွေးဖို့ ရင်းနှီး မြှုပ်နှံတာပါ။ တန်ဖိုးမြှင့် ထုတ် ကုန်အနေနဲ့လည်း ပြန်လည်တင် ပို့မှာပါ’’ဟု အဏ္ဏဝါဒေဝီကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။

ငါးလင်ပန်းမျိုးစိတ်သည် ပင်လယ်တွင် ပေါက်ဖွားပြီးနောက် ရေချိုဒေသများသို့ ပြန့်သွားကာ ကြီးထွားရှင်သန်လေ့ရှိပြီး မြန်မာ မွေးမြူရေးလုပ်ငန်းရှင်များ စမ်း သပ်မွေးဖွားရာ ရာနှုန်းပြည့် အောင်မြင်မှုမရသေးကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှ မွေးမြူရေးပညာရှင်တစ်ဦးက ပြောသည်။ ဂျပန်နှင့် မြန်မာကုမ္ပဏီတို့ ဖက်စပ်လုပ်ငန်းအောင်မြင်ပါက ငါးလင်ပန်းသားဖောက်ခြင်း၊ အ စာကျွေးမွေးမြူခြင်းနှင့် တန်ဖိုး မြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း နည်းပညာများရရှိကာ ရေထွက်ကုန် ပြည်ပတင်ပို့မှု ဝင်ငွေလည်း တိုး တက်ရရှိလာနိုင်ဖွယ်ရှိသည်။

Credit : 7daydaily


13 Jan 2017     2,246 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS