မြန်မာမိန်းကလေးအိမ်သာထဲဝင်ပြီး ဓါတ်ပုံခိုးရိုက်တဲ့ ထိုင်းနိုင်ငံက အလုပ်သမား
14 Jan 2017 4,518 Views

ထိုင်းနိုင်ငံ ဖစ်ပူရီမြို့ရှိ Cal-Comp Electronics Thailand Co.ltd စက်ရုံတွင် အလုပ်လုပ်နေကြသော မြန်မာမိန်းကလေးများ အသုံးပြုသော အမျိုးသမီးအိမ်သာအတွင်းသို့ နေ့စဉ်ချောင်းမြောင်း ဝင်ရောက်ကာ ဓါတ်ပုံရိုက်ယူနေသည့် အလုပ်သမားတစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးကာ မှတ်သားလောက်အောင် ပညာပေး၍ အလုပ်မှ ထုတ်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။



အဆိုပါ စက်ရုံတွင် အတူတူအလုပ်လုပ်ကိုင်နေကြသည့် မြန်မာမိန်းကလေးများကို စောင့်ရှောက်ရမည့်အစား အိမ်သာထဲသို့ ခိုးဝင်ကာ မိုဘိုင်းဖုန်းဖြင့် နေ့စဉ်ဓါတ်ပုံများ ရိုက်ယူနေသည့် မြန်မာအလုပ်သမား ဇော်အောင်၊ အလုပ်သမားနံပါတ် 6700048 ကို သတင်းပေးတိုင်းတန်းချက်အရ ပြန်လည်စောင့်ဖမ်းစဉ် လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဇော်အောင်အား အလုပ်မှ ထုတ်ပယ်လိုက်သကဲ့သို့ နောက်နောင်တွင် စက်ရုံတွင်း၌ အလားတူပြစ်မှုမျိုး မရှိစေရန် ၎င်း၏ ဓါတ်ပုံနှင့်တစ်ကွ ကျူးလွန်ခဲ့သည့်အပြစ်ကို တွဲလျက်ရေးသားကာ စက်ရုံရှိ ထမင်းစားဆောင်နေရာတွင် အများသိစေရန် ချိပ်ဆွဲဖော်ပြထားခဲ့ကြောင်း သတင်းရရှိသည်။
source:သတင်းစုံ








